ကလော့ပ်လက်ထက် ပထမဆုံးကစားသမားရောက်ရှိမှုအဖြစ် အလန် ပြန်လည်ရောက်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရာသီကြိုကာလကတွေ့ရသည့် အလန

ကွင်းလယ်လူအလန်မှာ ယခုတစ်ပတ်တွင် ဖင်လန်ကလပ် SJK နှင့် အငှားစာချုပ်ကုန်ဆုံး၍ လီဗာပူးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နည်းပြကလော့ပ်က ၎င်းလက်ထက် ပထမဆုံးရောက်ရှိလာသည့် ကစားသမားကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အလန်သည် ယခုနွေရာသီတွင် ဘရာဇီးကလပ်အင်တာနေရှင်နယ်အသင်းမှ ပေါင် ၅၀၀,၀၀၀ဖြင့် လီဗာပူးသို့ရောက်ရှိခဲ့သူဖြစ်ပြီး ဖင်လန်ကလပ် SJK သို့ ၂ လအငှားဖြင့် စေလွှတ်ခြင်းခံခဲ့ရသည်။

အသက် ၁၈ နှစ်ရှိ အဆိုပါကွင်းလယ်လူသည် SJK အသင်းနှင့် ၂ လတာကာလ၌ ၈ ပွဲကစားခဲ့ရာတွင် ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ၂ ဂိုးသွင်းယူကာ ဖင်လန်ဒုတိယတန်းချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သည်။

ဘရာဇီးလူငယ်ကစားသမား အလန်က ”ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့ အတွေ့အကြုံတွေရရှိခဲ့ပါတယ်။ SJK ကို မရောက်ခင်အချိန်ထိ ပရော်ဖက်ရှင်နယ်အဆင့်ရှိတဲ့ ပြိုင်ပွဲမျိုးမကစားခဲ့ဖူးပါဘူး။ အဲဒီမှာနေခဲ့ရတဲ့ကာလက ကျွန်တော့်အတွက် တကယ့်ကို တန်ဖိုးရှိတဲ့အချိန်တွေပါပဲ။ SJK ဟာ အခုလိုအောင်မြင်မှုရဖို့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ကြိုးပမ်းခဲ့တာပါ။ လွန်ခဲ့တဲ့၂ နှစ်က တတိယနေရာနဲ့ အဆုံးသတ်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဒုတိယဆုရခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ချန်ပီယံဆုသိမ်းပိုက်နိုင်ခဲ့တယ်။ အရမ်းကို ကြိုးပမ်းရကျိုးနပ်ပါတယ်။ ကျွန်တော်တို့အခုလိုလုပ်နိုင်ခဲ့လို့ အရမ်းပျော်ရွှင်မိတယ်။ ကျွန်တော်လီဗာပူးမှာ အသားကျဖို့ ၁ လ၊ ၂ လလောက် လေ့ကျင့်ခန်းလုပ်ရဦးမှာပါ။ အဲဒီအချိန်ပြီးရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်စောင့်ကြည့်ရဦးမယ်။ ကျွန်တော်လီဗာပူးကိုယုံကြည်သလို သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလည်း လိုက်နာမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!