စထရွတ်မန်း မကြာမီပြန်ကစားနိုင်တော့မည်ဟု ရိုးမားအတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည့် ဇူလိုင်လက လေ့ကျင့်ခန်းပြုလုပ်နေသော စထရွတ်မန်း

ပြင်းထန်သည့်ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရသော ရိုးမားအသင်း၏ ဟော်လန်လက်ရွေးစင်ကွင်းလယ်လူ စထရွတ်မန်းသည် အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း အသင်းဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စီးရီးအေပွဲစဉ် ၂၀ အဖြစ် ဖီအိုရင်တီးနားနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် စထရွတ်မန်းသည် စက်တင်ဘာလက ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်သက်သာလာခြင်းဖြစ်သည်။

ရိုးမား၏သတင်းထုတ်ပြန်ချက်တွင် ၎င်းကစားသမားမှာ အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပြီဖြစ်သည့်အပြင် ကြံ့ခိုင်မှုအပြည့်ရရန်အတွက်လည်း လေ့ကျင့်ခန်းပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

“ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ အကျိုးရလဒ်တစ်ခုပါပဲ။ စထရွတ်မန်းအနေနဲ့ ဒဏ်ရာအလျင်အမြန်သက်သာလာခဲ့လို့ ပြန်ကစားပေးနိုင်တော့မှာပါ။ စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ရမှာဖြစ်ပေမယ့် သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ကစားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ရိုးမားအသင်းမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

ကွင်းလယ်လူ စထရွတ်မန်းသည် ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ၁ နှစ်ခန့် အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မူလက မျှော်မှန်းထားသည့်  ၂၀၁၆ ဇန်န၀ါရီ ၆ ရက်မတိုင်မီ အသင်းအတွက် ပြန်ကစားနိုင်တော့မည်ဖြစ်သည်။

comments

error: Content is protected !!