မြန်မာ့လက်ရွေးစင်အသင်းသားများ ကြိုတင်မဲပေးနိုင်ရေး အဖွဲ့ချုပ် စီစဉ်ပေးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

အောက်တိုဘာ ၂၇။
အောင်သော်ဖြိုး

ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန်ရှိနေသည့်အတွက် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသွားနိုင်ရေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သက်ဆိုင်ရာဒေသရွေးကောက်ပွဲ ကော်မရှင်များကို စာပို့ကာ စီစဉ်ပေးသွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ဆိုသည်။

မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်များကို အောက်တိုဘာ ၃ဝ၊၃၁ ရက်နေ့များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ကာ စခန်းသွင်းလေ့ကျင့်မည်ဖြစ်ရာ စခန်းသွင်းမလေ့ကျင့်မီ လက်ရွေးစင်ကစားသမားများအားလုံး ကြိုတင်မဲပေးနိုင်ရေး မြန်မာနိုင်ငံဘောလုံးမှ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခက်အခဲများကြောင့် နိုဝင်ဘာလ ၁ ရက်နေ့အထိ မဲမပေးရသေးသည့် ကစားသမားများကို နေရပ်များသို့ ပြန်လည်စေလွှတ်ကာ မဲပေးစေမည်ဖြစ်ပြီး မဲပေးပြီးသည့် အချိန်မှသာ လေ့ကျင့်ရေးစခန်းသို့ လာရောက် ပူးပေါင်းစေမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာပြီး နိုဝင်ဘာ ၇ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့် ခြေစမ်းကစားကာ နိုဝင်ဘာလ ၁၂ရက်နေ့တွင် တောင်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

comments

error: Content is protected !!