မန်ယူ၏ ရွန်နီဂုဏ်ပြုပွဲ ၂၀၁၆ တွင် ကစားမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ချက်စတာဒါဘီ မစတင်မီ ရွန်နီအားတွေ့ရစဉ်

မန်ယူအသင်းသည် အင်္ဂလန်နှင့် ၎င်းတို့၏အသင်းခေါင်းဆောင်ရွန်နီအတွက် ဂုဏ်ပြုပွဲတစ်ပွဲ ကစားမည်ဖြစ်ပြီး ထိုပွဲမှရရှိသည့်ငွေကြေးများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုအစီအစဉ်ဖြစ်ပေါ်လာသည်မှာ မန်ယူပရိသတ်များက ရွန်နီ၏စွမ်းဆောင်မှုများကို အသိအမှတ်ပြုပေးရန် အသင်းတာဝန်ရှိသူများအား စာရေးတောင်းဆိုပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ထိုဂုဏ်ပြုပွဲအား ၂၀၁၆ သြဂုတ် ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မန်ယူနှင့် ယှဉ်ပြိုင်မည့်အသင်းကိုမူ မသိရှိရသေးပေ။

ထိုပွဲနှင့်ပတ်သက်၍ ကာယကံရှင်ရွန်နီက”ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အဲဒီပွဲစဉ်က အရမ်းကိုထူးခြားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေကလည်း အံ့သြစရာ ၁ ခု ၂ ခုလောက် လုပ်ပြနိုင်မယ်ထင်ပါတယ်”ဟု ဆိုသည်။

မန်ယူအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က”အသင်းအတွက် ဟက်ထရစ်နဲ့ ပွဲဦးထွက်ခဲ့တာကနေ နောက်ဆုံး ၂၃၆ ဂိုးမြောက်ကို သွင်းယူပေးခဲ့တဲ့အထိ ၀ိန်းရွန်နီဟာ အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကာလမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထိုဂုဏ်ပြုပွဲမှရရှိလာသော ၀င်ငွေများကို ရွန်နီဖောင်ဒေးရှင်းမှတစ်ဆင့် ကလေးသူငယ်များအတွက် လှူဒါန်းသွားမည်ဟုလည်း သိရှိရပြီး ရွန်နီမှာ ပြီးခဲ့သည့် ၂၄ ရက်နေ့က အသက် ၃၀ ပြည့်ခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!