ဘာစီလိုနာနှင့် ပေါ့ဘာ သဘောတူညီမှုရရှိခဲ့သည့် သတင်းများကို အေးဂျင့်ပယ်ချ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာစီလိုနာသို့ ပေါ့ဘာရောက်ရှိမည်မဟုတ်ဟု အေးဂျင့်က ငြင်းဆိုခဲ့သည်

ဥရောပထိပ်သီးအေးဂျင့် မီနိုရိုင်အိုလာက ၎င်း၏ကစားသမားဖြစ်သူ ပေါ့ဘာအား ထိပ်သီးအသင်း ၃ သင်းခန့်က နောက်နှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း  ခေါ်ယူရန် စောင့်ကြည့်နေကြောင်း၊ ကမ်းလှမ်းမှုအချို့ လက်ခံရရှိထားသော်လည်း ဘာစီလိုနာနှင့် သဘောတူညီမှုရရှိခဲ့ပြီဟူသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဂျူဗင်တပ်နှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သည့် ပြင်သစ်လက်ရွေးစင်လူငယ်ကွင်းလယ်လူ ပေါ့ဘာအား စိတ်ဝင်စားနေသည့် အသင်းများတွင် ရီးရဲလ်၊ ဘာစီလိုနာတို့ပါဝင်နေပြီး  အသင်းဟောင်း မန်ယူကပါ စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

“ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်အသင်းမှာ ဆက်ကစားဖို့ပဲ ဆန္ဒရှိနေပါတယ်။ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုအချို့ လက်ခံရရှိထားပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်မရှိပါဘူး။ အထူးသဖြင့် နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကို ရောက်မယ်ဆိုတာ လုံးဝကိုမဟုတ်ပါဘူး” ဟု အေးဂျင့်မီနိုရိုင်အိုလာက ဆိုသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သည့် ပေါ့ဘာသည် မန်ယူလူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၁၁-၁၂ ဘောလုံးရာသီတွင် မန်ယူအသင်းကြီးနှင့်အတူ ဘောလုံးရာသီတစ်ခုဖြတ်သန်းခဲ့ပြီးနောက် အီတလီထိပ်သီးဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

comments

error: Content is protected !!