ဖိအားများသည့် နည်းပြလောကသို့ ခြေချမည်မဟုတ်ကြောင်း နက်ဗက်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဥရောပ ယူ-၂၁ ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် နက်ဗက်

ဂျူဗင်တပ်အသင်းဒုတိယဥက္ကဋ္ဌ ပေဗယ်နက်ဗက်က နိုင်ပွဲတစ်ပွဲရရှိရန်အတွက် ဖိအားများစွာရင်ဆိုင်ရသည့် နည်းပြလောကသို့ ခြေချရန်အစီအစဉ်မရှိကြောင်း၊ ဂျူဗင်တပ်အသင်းအောင်မြင်မှုရရှိဖို့အတွက်သာ အမြဲတမ်းအာရုံစိုက်သွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ချက်လက်ရွေးစင်အသင်းနှင့် ဂျူဗင်တပ်အသင်းများတွင်  အဓိက ကစားသမားအဖြစ် ဖြတ်သန်းခဲ့သည့် ပေဗယ်နက်ဗက်သည် ဂျူဗင်တပ်အသင်းဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အသင်းဒုဥက္ကဋ္ဌရာထူး ရယူနိုင်ခဲ့သူဖြစ်သည်။

“အီတလီပြည်တွင်းလိဂ်ပွဲစဉ်တွေက တကယ်ကိုစိတ်လှုပ်ရှားကောင်းတဲ့ ပွဲစဉ်တွေအဖြစ် ဆက်ရှိနေဆဲပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတွေဖြစ်တာနဲ့အညီ နည်းပြတွေရဲ့ ဖိအားတွေကို နားလည်ပေးနိုင်ပါတယ်။ အဲဒီအတွက် ဖိအားများတဲ့နည်းပြလောကကို ခြေချဖို့ အစီအစဉ်မရှိပါဘူး။ အသင်းအောင်မြင်မှုရရှိဖို့အတွက်ပဲ တစ်သက်လုံးအာရုံစိုက်သွားမှာပါ” ဟု နက်ဗက်က ဆိုသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ပေဗယ်နက်ဗက်သည် ယူအီးအက်ဖ်အေအသိအမှတ်အပြု နည်းပြလိုင်စင်ရရှိထားသူဖြစ်ပြီး အသင်းဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူစဉ်ကာလများ၌ နည်းပြဟောင်းကွန်တီ၊ လက်ရှိနည်းပြအယ်လီဂရီတို့နှင့်အတူ တိုင်ပင်မှုများပြုလုပ်ခဲ့သူဖြစ်ကာ ဝေဖန်မှုများရှိနေသည့်ကြားမှ လက်ရှိနည်းပြအယ်လီဂရီနီအား နည်းပြခန့်အပ်ရန် သဘောတူညီခဲ့သူဖြစ်သည်။

comments

error: Content is protected !!