ဒဏ်ရာပြဿနာများကြောင့် အာဂျင်တီးနားလက်ရွေးစင်လူစာရင်းမှ မက်ဆီနှင့်အဂူရိုတို့ နုတ်ထွက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည်ကမ္ဘာ့ဖလားကာလက မက်ဆီနှင့် အဂူရိုအား အတူတွေ့ရစဉ်

တောင်အမေရိကထိပ်သီး အာဂျင်တီးနားအသင်း၏ အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင်မက်ဆီနှင့် တိုက်စစ်မှူးအဂူရိုတို့မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် လက်ရွေးစင်လူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် လက်စ်ပါးမက်အသင်းအားအနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် အနားယူနေရခြင်းဖြစ်ပြီး အဂူရိုမှာမူ  ကြွက်သားဒဏ်ရာကြောင့် နိုဝင်ဘာဒုတိယပတ်အထိ အနားယူရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲအပြီးတွင် နိုင်ပွဲရရှိခြင်းမရှိသေးသည့်အချိန် အဓိက ကစားသမားများ ဒဏ်ရာရရှိနေသည်နှင့်ပတ်သက်၍ နည်းပြမာတီနိုက ဒဏ်ရာရကစားသမားများနေရာတွင် လူစားထိုးရွေးချယ်ရတော့မည်ဖြစ်ကြောင်း၊ မက်ဆီ၊ အဂူရိုတို့က ဒဏ်ရာပြဿနာများကြောင့် လက်ရွေးစင်အသင်းအတွက် ကစားပေးရန် မဖြစ်နိုင်တော့ကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ခြေစစ်ပွဲ ၂ ပွဲတွင် သရေပွဲ ၁ မှတ်သာရရှိထားသည့် အာဂျင်တီးနားအသင်းသည် ပွဲစဉ် ၃ အဖြစ် ဘရာဇီးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် နည်းပြမာတီနိုသည် ၀ါရင့်တိုက်စစ်မှူးများဖြစ်သည့် တီဗက်ဇ်နှင့် လာဗက်ဇီတို့ အတွဲအား တိုက်စစ်တွင်အသုံးပြုဖွယ်ရှိနေသည်။

comments

error: Content is protected !!