ဘာစီလိုနာမှာ ကာတာ၏ထိန်းချုပ်ခံဖြစ်နေဟု ဥက္ကဋ္ဌဟောင်းလာပေါ်တာဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာစီလိုနာဥက္ကဋ္ဌဟောင်း လာပေါ်တာ

ဘာစီလိုနာအသင်းတွင် ၇ နှစ်ကြာတာဝန်ယူခဲ့ဖူးသည့် ဥက္ကဋ္ဌဟောင်းလာပေါ်တာက ကာတာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံများအား အတိုင်းအဆမရှိ လက်ခံခဲ့သည့်အတွက် ကာတာနိုင်ငံ၏ထိန်းချုပ်မှုအောက်သို့ ဘာစီလိုနာအသင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ အသင်း၏ ဘဏ္ဍာရေးမျှခြေများကို ထိန်းချုပ်နိုင်ရန် အားနည်းမှုများရှိနေကြောင်း ဝေဖန်ပြောကြားသွားခဲ့သည်။

အသင်းသမိုင်းတစ်လျှောက် ၃၈ ဦးမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် လာပေါ်တာသည် ပြီးခဲ့သည့် အသင်းဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိဥက္ကဋ္ဌ ဘာတိုမြူအားအရေးနိမ်ခဲ့သူဖြစ်သည်။

”အသင်းအောင်မြင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ စပွန်ဆာကြေးတွေအရ ဘဏ္ဍာရေးမျှခြေများကို မထိန်းချုပ်နိုင်တော့ပါဘူး။ ဒီအခြေအနေက စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ယူဆမိပါတယ်။ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် စပွန်ဆာကြေးတွေ ရရှိနေခဲ့တယ်ဆိုပေမယ့် ကာတာရဲ့ထိန်းချုပ်မှုအောက်ကို စတင်ရောက်ရှိနေပါပြီ”ဟု ဥက္ကဋ္ဌဟောင်း လာပေါ်တာက ဝေဖန်ခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌများတွင် အအောင်မြင်ဆုံးဥက္ကဋ္ဌစာရင်း၌ ပါဝင်ခဲ့သည့် ဥက္ကဋ္ဌဟောင်းလာပေါ်တာသည် ၎င်းတာဝန်ယူခဲ့သည့် အချိန်ကာလအတွင်း လာလီဂါချန်ပီယံဆု ၄ကြိမ်၊ ကိုပါဒယ်ရေး ၁ကြိမ်၊ စပိန်စူပါဖလား ၃ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၂ကြိမ်နှင့် ဥရောပစူပါဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံဖလား ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့သည်။

comments

error: Content is protected !!