အာဆင်နယ်တွင် ဂျိုးကမ်းဘဲလ်၏ အနာဂတ်ရှိကြောင်း အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဂျိုးကမ်းဘဲလ်

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက တိုက်စစ်မှူးဂျိုးကမ်းဘဲလ်၏ အနာဂတ်သည် အာဆင်နယ်တွင် ဆက်ရှိဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါကော်စတာရီကာတိုက်စစ်မှူးသည် တစ်ဦးချင်းစွမ်းရည်ကောင်းသူဟု ဆိုခဲ့သည်။

ဂျိုးကမ်းဘဲလ်မှာ ၂၀၁၁ ခုနှစ်တွင် အာဆင်နယ်သို့ရောက်ရှိပြီးချိန်မှစ၍ ၄ နှစ်တာကာလကို အငှားကစားသမားအဖြစ် အခြားအသင်းများ၌ သွားရောက်ကစားခဲ့ရပြီး အသင်းလူစာရင်းတွင်လည်း ချန်လှပ်ခံထားရသူဖြစ်သည်။

သို့သော် နည်းပြအာစင်ဝင်းဂါးက အသက် ၂၃ နှစ်ရှိအဆိုပါတိုက်စစ်မှူးမှာ Capital One ဖလားပြိုင်ပွဲအဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်မည့် ရှက်ဖီးဝက်စ်ဒေးနှင့်ပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးက ”ကျွန်တော် ဂျိုးကမ်းဘဲလ်ကို နှစ်သက်တဲ့ အကြောင်းရင်း ၂ ခုရှိပါတယ်။ တစ်ခုကသူဟာ တစ်ဦးချင်းစွမ်းရည်ကောင်းတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာအသင်းကစားသမားတစ်ယောက်ဖြစ်လို့ အသင်းအတွက်ဆိုရင် ပြင်းပြင်းထန်ထန်ကြိုးစားပေးတတ်ပါတယ်။ သူဒီအသင်းမှာ အခွင့်အရေးတွေရနိုင်သလို အဲဒီအခွင့်အရေးတွေကို ရယူနိုင်မယ့်သူလို့ ကျွန်တော်ထင်တယ်။ သူ့အတွက် ရှက်ဖီးဝက်စ်ဒေးနဲ့ပွဲက နောက်ထပ်အခွင့်အရေးပါ။ သူအာဆင်နယ်အတွက် သူ့ရဲ့ခြေစွမ်းကောင်းပြနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!