ဂျာဂျယ်ကာဒဏ်ရာရရှိမှုမှာ ကြီးမားသောဆုံးရှုံးမှုဟု အဲဗာတန်နည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဆင်နယ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဂျာဂျယ်ကာ

အဲဗာတန်အသင်းခေါင်းဆောင် ဂျာဂျယ်ကာမှာ ဒူးဒဏ်ရာရရှိခဲ့သောကြောင့် ၉ ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်းသိရပြီး အဆိုပါဖြစ်ရပ်မှာ ကလပ်နှင့် နိုင်ငံအသင်းအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သည်ဟု နည်းပြမာတီနက်ဇ်က ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်ရှိအဆိုပါနောက်ခံလူမှာ အာဆင်နယ်နှင့်ကစားသည့်ပွဲတွင် ဒူးဒဏ်ရာ ၂ ကြိမ်ရရှိခဲ့သော်လည်း စစ်ဆေးချက်များအရ ဒူးရိုးနှစ်ခုကြားရှိအရွတ်သာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုရရှိခဲ့သည့်ဒဏ်ရာကြောင့် ခရစ္စမတ်ကာလပြီးဆုံးချိန်အထိ ဂျာဂျယ်ကာကစားနိုင်မည်မဟုတ်သဖြင့် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲများဖြစ်သော စပိန်၊ ပြင်သစ်တို့နှင့် ပွဲများကိုပါ လွဲချော်ရမည်ဖြစ်သည်။

ဂျာဂျယ်ကာ၏ ဒဏ်ရာနှင့်ပတ်သက်၍ နည်းပြမာတီနက်ဇ် ”အစောပိုင်းထိခိုက်မိတဲ့ဒဏ်ရာက အနည်းငယ်ပဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာတော့ သူ့ဆီကဘောလုံးကို ကစားသမား ၂ ယောက်ဟန့်တားရင်း အခုဒဏ်ရာရခဲ့ပါတယ်။ အရွတ်အနည်းငယ်ပဲထိသွားတာ သတင်းကောင်းတစ်ခုပါပဲ။ ကြံ့ခိုင်ဖို့အတွက် အချိန်ပေးရမှာပါ။ ၇ ပတ်ကနေ ၉ ပတ်လောက်အထိ နားရလိမ့်မယ်လို့ သိရပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!