ဟော့ဖန်ဟိန်းနည်းပြအဖြစ် ဟတ်စတီဗင်ခန့်အပ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဟော့ဖန်ဟိန်းနည်းပြသစ်ဖြစ်လာသည့် ဟတ်စတီဗင်

ရလဒ်ဆိုးများနှင့်ဆက်တိုက်ကြုံတွေ့နေရပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား တန်းဆင်းဇုန်အတွင်းရောက်ရှိနေသော ဟော့ဖန်ဟိန်းအသင်းမှာ နည်းပြမားကပ်စ်ဂစ်ဒေါလ်ကို ရာထူးမှထုတ်ပယ်၍ စတုဂတ်နည်းပြဟောင်း ဟတ်စတီဗင်ကို ခန့်အပ်လိုက်သည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။

အသက် ၆၁ နှစ်ရှိ အဆိုပါဟော်လန်လူမျိုးနည်းပြနှင့် ဟော့ဖန်ဟိန်းအသင်းမှာ ယခုဘောလုံးရာသီကုန်ဆုံးချိန်အထိရှိနေမည့် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရှိရသည်။

ဟော့ဖန်ဟိန်းအသင်းမှာ ယခုဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၌ ၁၀ ပွဲကစားခဲ့ရာတွင် ရမှတ် ၆ မှတ်သာပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်းပွဲတွင် ဟမ်းဘတ်အသင်းကို ၀-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် နည်းပြဂစ်ဒေါလ်ကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

နည်းပြသစ်ခန့်အပ်မှုနှင့်ပတ်သက်၍ ဟော့ဖန်ဟိန်းဒါရိုက်တာ ရိုဆန်က ”စတီဗင်ဟာ အခုလိုအခြေအနေတွေကို ဖြေရှင်းတဲ့နေရာမှာ အတွေ့အကြုံရင့်ကျက်တဲ့သူဖြစ်သလို အသင်းစိတ်ဓာတ်နဲ့ ကစားအားပြန်ကောင်းအောင်လည်း လုပ်ဆောင်ပေးနိုင်တဲ့သူပါ။ အဲဒီလိုအားစိုက်မှုတွေသုံးပြီး ခြေစွမ်းကောင်းပြန်ရတာကို ကျွန်တော်တို့ပြန်လိုချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

နည်းပြစတီဗင်သည် ၂၀၁၄-၁၅ ဘောလုံးရာသီ၌ စတုဂတ်အသင်းကို ဘွန်ဒက်စ်လီဂါတန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်စေရန် ကြိုးပမ်းနိုင်ပေးခဲ့သော်လည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုခြင်းမပြုဘဲ ထွက်ခွာခဲ့သူဖြစ်သည်။

comments

error: Content is protected !!