လာမည့်ဇန်န၀ါရီတွင် ဇင်းနစ်သို့ ဖယ်လ်ကာအို အငှားရောက်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ဖယ်လ်ကာအို

ချဲလ်ဆီးအသင်းတွင် ၁၂ ပွဲကစားပြီးချိန်၌ သွင်းဂိုး ၁ ဂိုးသာရရှိထားသော တိုက်စစ်မှူးဖယ်လ်ကာအိုကို ဇင်းနစ်နည်းပြဘိုအက်စ်က လာမည့်ဇန်န၀ါရီတွင် အငှားဖြင့်ခေါ်ယူရန်ဆန္ဒရှိကြောင်း သိရှိရသည်။

အဆိုပါကိုလံဘီယာတိုက်စစ်မှူးသည် မိုနာကိုအသင်းမှ အငှားဖြင့် ချဲလ်ဆီးသို့ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသောကြောင့် ချဲလ်ဆီးအသင်းဘက်မှ စာချုပ်ဖျက်သိမ်းဖွယ်ရှိနေသည်။

ထို့ကြောင့် ဇင်းနစ်နည်းပြဘိုအက်စ်မှ ခေါ်ယူလိုခြင်းဖြစ်ပြီး ဖယ်လ်ကာအိုနှင့် အဆိုပါချဲလ်ဆီးနည်းပြဟောင်းတို့နှစ်ဦးမှာ ရင်းနှီးသည့်ဆက်ဆံရေးရှိထားသူများဖြစ်သည်။

ဘိုအက်စ်နှင့် ဖယ်လ်ကာအိုမှာ ၂၀၁၀-၁၁ ဘောလုံးရာသီတွင် ပေါ်တိုအသင်း၌ လက်တွဲခဲ့ဖူးသူများဖြစ်ကာ အဆိုပါနှစ်တွင် ပေါ်တူဂီပြည်တွင်းအမှတ်ပေးချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံအပါအ၀င် ဆုဖလား ၃ လုံးပိုင်ဆိုင်ခဲ့သည်။

ဖယ်လ်ကာအိုသည် ၂၀၁၀-၁၁ ဘောလုံးရာသီတွင် ၄၂ ပွဲကစားကာ ၃၈ ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် နည်းပြဘိုအက်စ်က ချဲလ်ဆီးသို့ ၎င်းပြောင်းရွှေ့ချိန်၌ အဆိုပါတိုက်စစ်မှူးကို ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးသည်။

comments

error: Content is protected !!