စီးရီးအေ၏ အသက်အငယ်ဆုံးပွဲထွက်ဂိုးသမား ဒွန်နာအမ်မာ ဖြစ်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စီးရီးအေ၏ အသက်အငယ်ဆုံးပွဲထွက်ခွင့်ရဂိုးသမား ဒွန်နာအမ်မာ

အေစီမီလန်လူငယ်ဂိုးသမား ဒွန်နာအမ်မာသည် ဆက်ဆူလိုအား အနိုင်ရရှိခဲ့သည့် စီးရီးအေပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အီတလီလူငယ်ဂိုးသမား ဒွန်နာအမ်မာသည် ပထမဆုံးစီးရီးအေပွဲစဉ်အဖြစ် ပွဲထွက်ကစားခွင့်ရရှိခဲ့ချိန်၌ အသက် ၁၆ နှစ်၊ ၈ လ၊ ၆ ရက်သာ ရှိသေးသည့်အတွက် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး စီးရီးအေပွဲထွက်ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အသက် ၁၆ နှစ်၊ ၇ လ၊ ၁၂ ရက်ဖြင့် လူစားဝင်ကစားခွင့်ရရှိခဲ့သည့် ပက်စ်ကာရာလူငယ်ဂိုးသမား ဂျီရန်လူကာ၏ အသက်အငယ်ဆုံးဂိုးသမားစံချိန်ကိုမူ ချိုးဖျက်နိုင်ခြင်းမရှိခဲ့ချေ။

“စိတ်ကူးယဉ်ဆန်တဲ့ အဖြစ်အပျက်တစ်ခုပါ။ အသင်းလိုအပ်ချက်အရ လူငယ်ကစားသမားတစ်ယောက်ကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ရလဒ်က အသင်းအတွက် ရလဒ်ကောင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ ပြိုင်ဘက်အသင်းအတွက် လှည့်ကွက်တစ်ခုဖြစ်သလို လူငယ်ကစားသမားတစ်ယောက်ကို ယုံကြည်မှုတစ်ခု တည်ဆောက်ပေးလိုက်တဲ့ အခြေအနေတစ်ခုထက်မပိုပါဘူး ” ဟု အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်က ဆိုသည်။

အီတလီလက်ရွေးစင်ဂိုးသမား ဘူဖွန်သည်လည်း စီးရီးအေသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသမားတစ်ဦးအဖြစ် မှတ်တမ်း ၀င်ခဲ့သူဖြစ်ပြီး ၎င်းမှာ အသက် ၁၇ နှစ်အရွယ်တွင် ဂျူဗင်တပ်အသင်းကြီးနှင့်အတူ စတင်ပွဲထွက်ခွင့်ရရှိခဲ့သည်။

comments

error: Content is protected !!