ဥမင်လမ်းအတွင်း ကစားသမားများအချင်းများမှုကြောင့် ဆွမ်ဆီးနှင့်ဗီလာတို့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲချိန်အတွင်း နှစ်ဖက်အသင်းသားများ အချင်းများနေစဉ်

ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ် ဗီလာပတ်ခ်တွင်ယှဉ်ပြိုင်ခဲ့သော ဗီလာ-ဆွမ်ဆီးပွဲတွင် ပွဲအပြီး လျှောက်လမ်းအတွင်း၌ ကစားသမားများ အချင်းများခဲ့သောကြောင့် ထို ၂ သင်းမှာ အက်ဖ်အေ၏ အရေးယူမှုခံရဖွယ်ရှိကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် ယခုတင်းမာမှုနှင့်ပတ်သက်၍ ကွင်းလယ်ဒိုင် စ၀ါဘရစ်၏ အစီရင်ခံစာကိုလေ့လာ၍ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ဆွမ်ဆီးကွင်းလယ်လူဆီဂတ်ဆန်က ”နှစ်သင်းလုံး အကြိတ်အနယ်ကစားခဲ့ရတဲ့အချိန်မှာ ကစားသမားတွေ စိတ်ရှုပ်နေတတ်ပါတယ်။ ဒါပေမဲ့ သူတို့နိုင်ပွဲဘယ်လောက်လိုချင်လဲဆိုတာ ပြင်းပြင်းထန်ထန်ကစားနေတာကိုကြည့်ရင် သိမယ်လို့ ကျွန်တော်ထင်တယ်။  ဒီလိုအချိန်မှာ ဒေါသဖြစ်တာတွေ၊ နောက်ထပ်ပြဿနာတွေ ဖြစ်နိုင်တယ်။ ဒါတွေကို ကျွန်တော်တို့သိပြီးသားဖြစ်မှာပါ။ ပွဲပြီးတဲ့အချိန် ကွင်းထဲကထွက်တော့ ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

ဥမင်လမ်းအတွင်း ဆွမ်ဆီးဘက်မှ ဖာနန်ဒက်ဇ်နှင့် ဗီလာကစားသမား မီကာရစ်ချက်စ်တို့ အချင်းများခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အသင်းဖော်များမှ ဖျန်ဖြေခဲ့ရသည်ဟု သတင်းဌာနများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!