မိုရက်စ်နှင့် ရီမီဂါဒီတို့ ဗီလာနည်းပြဖြစ်ရန် ရေပန်းစားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လာလီဂါပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် မိုရက်စ်

နည်းပြဖြစ်သူ တင်ရှားဝုဒ်အားထုတ်ပယ်ခဲ့သည့် ဗီလာအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခံရမည့်စာရင်းတွင် မန်ယူနည်းပြဟောင်း၊ လက်ရှိဆိုစီဒက်နည်းပြ မိုရက်စ်နှင့် အာဆင်နယ်နောက်ခံလူဟောင်း၊ ယခင်လိုင်ယွန်နည်းပြ ရီမီဂါဒီတို့ ရေပန်းစားနေသည်။

မိုရက်စ်မှာ ဆိုစီဒက်တွင် ရလဒ်ဆိုးများနှင့်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်တစ်ပတ် အက်သလက်တီကိုအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင် ၎င်းအားထုတ်ပယ်ရန် ပရိသတ်များက တောင်းဆိုခဲ့သည်။

သို့သော် အဲဗာတန်နှင့် မန်ယူကို တာဝန်ယူခဲ့ဖူးသည့် မိုရက်စ်မှာ ဗီလာပရိသတ်များအကြား ရေပန်းစားနေပြီး ယမန်နေ့က လာလီဂါပွဲစဉ်တွင်လည်း လီဗန်တေးကို ၄ ဂိုးပြတ်အနိုင်ရရန် ဆိုစီဒက်အား လမ်းညွှန်ပေးနိုင်ခဲ့သည်။

ပြင်သစ်သတင်းများအရ ဂါဒီမှာ ယမန်နှစ်က လိုင်ယွန်မှ ထွက်ခွာခဲ့ပြီးနောက် ရုပ်သံဝေဖန်သူအဖြစ် ဆောင်ရွက်နေပြီး ဗီလာအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးပြီးပြီဟု သိရှိရသည်။

ဗီလာအသင်းမှာ လက်ရှိတွင် ပြင်သစ်လူငယ်ကစားသမားများစွာကို ပြီးခဲ့သည့်နွေရာသီက ၀ယ်ယူထားသဖြင့် အသက် ၄၉ နှစ်အရွယ် ရီမီဂါဒီအားခေါ်ယူရေးမှာ ထိုအချက်ကြောင့် အလေးသာလျက်ရှိသည်။

ဗီလာအသင်းသည် ယမန်နေ့က ဆွမ်ဆီးကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဘုတ်အဖွဲ့က နည်းပြတင်ရှားဝုဒ်အား ချက်ချင်းဆိုသလို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!