မန်ချက်စတာဒါဘီအပြီး မန်ယူနည်းပြရဲ့ ပြောစကား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒါဘီပွဲစဉ်တွင် နည်းပြအဖွဲ့နှင့်အတူ ဗန်ဟားလ်အား တွေ့ရစဉ်

မနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်းကို ဂိုးမရှိသရေကျခဲ့တဲ့ သူ့အသင်းခြေစွမ်းအပေါ် နည်းပြဖြစ်သူဗန်ဟားလ်က ကျေနပ်တယ်လို့ဆိုပေမယ့် နိုင်ပွဲမရတဲ့အတွက်တော့ စိတ်ပျက်မိတယ်ဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ ဒါဘီပွဲအပြီးမှာ MUTV ကို ဗန်ဟားလ်ပြောပြခဲ့တာတွေကတော့ အောက်ပါအတိုင်းပါ။

ဒါဘီပွဲခြေစွမ်းအပေါ် ဗန်ဟားလ်ရဲ့အမြင်
မိနစ် ၉၀ လုံး ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရလို့ ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူတယ်။ ၂ သင်းလုံးက နည်းဗျူဟာမြောက်ဘောလုံးပွဲတစ်ပွဲ ကစားသွားကြတာပါ။ မန်စီးတီးက ကျွန်တော်တို့အသင်းကို ရင်ဆိုင်သွားတဲ့ပုံစံဟာ အရမ်းကျစ်လစ်ပြီး စုစည်းမှုရှိတယ်။ သူတို့ ပွဲထွက်လူစာရင်းက ကျွန်တော်တို့ကို ယှဉ်နိုင်တယ်။

ဆီဗီလာနဲ့ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ သူတို့အသင်းက တိုက်စစ်မှူး ၂ ဦးနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့နဲ့ပွဲမှာတော့ တစ်ယောက်ပဲထားကစားပြီး ကွင်းလယ်ကို တစ်ယောက်ပိုထည့်ထားတယ်။ ဒီတော့ ပွဲက ကစားရခက်ခဲသွားတယ်။ ကျွန်တော်တို့က အခွင့်အရေး ပိုဖန်တီးနိုင်ပေမယ့် သူတို့ကို အနိုင်မယူနိုင်ခဲ့ဘူး။ ဒီလိုပွဲမျိုးက ပရိသတ်တွေအတွက် မဖြစ်မနေအနိုင်ယူရမှာမို့လို့ ကျွန်တော်စိတ်ပျက်မိတယ်။ ဒါဘီပွဲတစ်ပွဲကို ဒီနေ့လိုမျိုး အာရုံစိုက်ထားမယ် စိတ်နှစ်ထားမယ်ဆိုရင် နိုင်ပွဲနဲ့ထိုက်တန်တယ်လေ။ ဒါပေမဲ့ တစ်ခါတလေတော့လည်း ကိုယ်နဲ့ထိုက်တန်တာကို မရတတ်ပါဘူး။

မန်စီးတီးတိုက်စစ်ကိုတားဆီးနိုင်ခဲ့တဲ့ မန်ယူနောက်တန်းကို ချီးကျူးရမလား
ချီးကျူးရမယ်။ ဒါပေမဲ့ ခံစစ်ကို အသင်းလိုက် ကစားခဲ့တာပါ။ နောက်တန်းတွေပဲ ကစားခဲ့တာ မဟုတ်ဘူး။ ခံစစ်က ၀ိန်းရွန်နီကနေ စတယ်။ ကျွန်တော်တို့ရဲ့ အသင်းလိုက်ခံစစ်က ပုံမှန်ဆိုရင် ကောင်းပါတယ်။ အာဆင်နယ်နဲ့ပွဲတစ်ပွဲမှာပဲ မကောင်းခဲ့တာပါ။ ဒါပေမဲ့ ဒီလိုပုံစံကစားတာက ကစားသမားတော်တော်များများအတွက် အစမကောင်းခဲ့ဘူး။ အာဆင်နယ်ကလည်း ခြေစွမ်းအရမ်းကောင်းခဲ့တယ်လေ။

မန်ယူက ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်လား
ဒီပွဲကိုကြည့်လိုက်ရင် ပရိသတ်တွေလည်း ကစားသမားတွေအတွက် အရမ်းဂုဏ်ယူမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အ၀တ်လဲခန်းကို ကျွန်တော်ပြန်ဝင်တဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကို အားပေးနေကြတယ်။ ပြီးတော့ ပရိသတ်တွေကလည်း ကျွန်တော်တို့ ကစားဟန်ကို မြင်တယ်လေ။ မန်ယူက အရမ်းထိန်းချုပ်နိုင်ခဲ့တယ်။ ဒီလိုပွဲမျိုးက ပရိသတ်တွေအတွက် အနိုင်ရရမယ့်ပွဲဖြစ်နေတော့ သူတို့လည်း ကျွန်တော့်လို စိတ်ပျက်ကြမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ကစားခဲ့တဲ့ပုံစံက အနာဂတ်အတွက် မျှော်လင့်ချက်ဖြစ်စေပါတယ်။

ဒါ့အပြင် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဗန်ဟားလ်က ပွဲချိန်အတွင်း အဓိကအဖြစ်အပျက်တွေကိုလည်း ပြောကြားခဲ့ပါတယ်။

ဟာရဲရားကို စတာလင်က ပြစ်ဒဏ်ကျူးလွန်မှုဟာ ပင်နယ်တီရသင့်လား
ကျွန်တော်တို့ ကံမကောင်းတာကိုပဲ စိတ်ပျက်မိတယ်။ အဲဒီအဖြစ်ကို အနှေးပြကွက်ပြန်ကြည့်တော့ ပင်နယ်တီပေးရမှာဆိုပေမယ့် ဒိုင်လူကြီးက ကျွန်တော်တို့ကို သံသယအကျိုး ခံစားခွင့်မပေးခဲ့ဘူး။ မြင်ကွင်းကလည်း မရှင်းဘူးလေ။ အနှေးပြကွက်မှာ သူ ဘောလုံးမထိဘဲ ဟာရဲရားခြေထောက်ကိုပဲ ထိလိုက်တာ ကျွန်တော်တွေ့တယ်။ ဒီရာသီ ကျွန်တော်တို့ ကံမကောင်းဘူး ဒါပေမဲ့ ဒိုင်လူကြီးဘက်က ကြည့်တော့လည်း မလွယ်ဘူးလေ။ ပြဿနာအကြီးကြီးမဟုတ်ပေမယ့် အဲဒီလိုတော့ ဖြစ်နေတာပေါ့။ ဒီလိုအဖြစ်ကို အခုမှမြင်ရတာမဟုတ်ဘူး။ ဒါပေမဲ့ အခွင့်အရေးတွေကနေ ကျွန်တော်တို့ ဂိုးသွင်းရမယ်။

ပွဲချိန်နှောင်းပိုင်းမှာ ဂျက်ဆီလင်ဂတ်ရဲ့ ဘားထိသွားတဲ့ကန်ချက်အပေါ် ဗန်ဟားလ်ရဲ့ထင်မြင်ချက်
သူ့အတွက် အရမ်းခက်ခဲတဲ့အခြေအနေမှာ အဲဒီလိုကန်သွားတဲ့အတွက် ကျွန်တော်အံ့သြမိတယ်။ အဲဒီအချိန်မှာ သူတော်တော်ကောင်းတယ်။ ဒါပေမဲ့ မန်စီးတီးရဲ့ကစားပုံကြောင့် အခွင့်အရေးတွေ အများကြီးမရခဲ့ဘူး။ သူတို့က စုစည်းပြီး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တယ်။ CSKA နဲ့ ကစားခဲ့ရတုန်းက အတိုင်းပဲ။ ဒါပေမဲ့ မန်ယူရဲ့ခွန်အားကိုတော့ ပြသနိုင်ခဲ့ပါတယ်။

comments

error: Content is protected !!