ပင်နယ်တီပေးပြီး အနီကတ်ပြသည့် စည်းမျဉ်းကို အလာဒိုက်စ် ပြောင်းလဲစေလို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကိုလော့စီနီအား ကွင်းလယ်ဒိုင်က အနီကတ်ပြသနေစဉ်

ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်က ပင်နယ်တီပေးခံရရန် ပြစ်ဒဏ်ကျူးလွန်သော ကစားသမားကို ထုတ်ပယ်သည့်စည်းမျဉ်းအား ပြောင်းလဲသင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဆန်းဒါးလန်းမှာ ယမန်နေ့ကပွဲစဉ်တွင် ပြိုင်ဘက်နယူးကာဆယ်ကစားသမား ကိုလော့စီနီက စတီဗင်ဖလက်ချာကို ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်သဖြင့် ကွင်းလယ်ဒိုင်ရောဘတ်မက်ဒ်လီက ပင်နယ်တီပေးခဲ့သည့်အပြင် ကိုလော့စီနီကိုလည်း အနီကတ်ပြထုတ်ပယ်ခဲ့သည်။

“ဒီစည်းမျဉ်းက မကောင်းပါဘူး။ ပင်နယ်တီပေးရုံဆိုရင် တော်လောက်ပါပြီ။ ပြစ်ဒဏ်ကျူးလွန်ရင် ပင်နယ်တီပဲ ပေးလိုက်ပေါ့။ ပရိသတ်တွေကတော့ ကျွန်တော့်အမြင်ကို သဘောတူမှာမဟုတ်ပေမယ့် ကျွန်တော်ကတော့ ဘောလုံးလောကသားအနေနဲ့ ဒီစည်းမျဉ်းကို ပြောင်းလဲစေချင်ပါတယ်”ဟု အလာဒိုက်စ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!