ခံစစ်ကစားရန် ဆန္ဒမရှိခဲ့ကြောင်း ပယ်လီဂရီနီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
သရေကျသည်ကို ကျေနပ်သော်လည်း ခံစစ်သက်သက်ကစားသည်ကို ဘ၀င်မကျသည့် ပယ်လီဂရီနီ

မန်စီးတီးနည်းပြ ပယ်လီဂရီနီက မန်ချက်စတာဒါဘီအဖြစ် မန်ယူအိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် ယှဉ်ပြိုင်ခဲ့ရာ သရေရမှတ် ၁ မှတ် ရရှိခဲ့သော်လည်း ကစားသမားများမှာ ခံစစ်ကစားခဲ့သောကြောင့် ကျေနပ်မှုမရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် မန်ယူအသင်းဘက်မှ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ရရှိခဲ့သော်လည်း လင်ဂတ်ကန်ချက်မှာ ဘားထိထွက်ခဲ့ပြီး စမောလင်း၏ကြိုးပမ်းမှုကိုလည်း မန်စီးတီးဂိုးသမားဂျိုးဟတ် ကာကွယ်နိုင်ခဲ့သောကြောင့် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။

ယခုပွဲနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”၁ မှတ်ရခဲ့လို့ေ ကျနပ်ပေမယ့် ဒီလိုနည်းနဲ့ကစားတာတော့ ကျွန်တော်မကြိုက်ဘူး။ ဒီနည်းက အလွယ်ကစားတဲ့နည်းပါ။ ကျွန်တော်တို့ ခံစစ်ကစားချင်တယ်ဆိုရင် ကစားနိုင်တယ်။ ဒါပေမဲ့ ဒီလိုကစားတာကို မကြိုက်ဘူး။ ကျွန်တော်တို့ဟာ တိုက်စစ်ဖွင့်တဲ့အသင်းပါ။ အမှတ်ပေးဇယားမှာ ရမှတ်တိုးဖို့ ၁ မှတ်ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ အသင်းတိုင်းက ၁ မှတ်ရဖို့အတွက်ပဲ ကစားမယ်လို့ ကျွန်တော်မထင်ဘူး။ တကယ်လို့ အာရုံစူးစိုက်မှုမရှိရင် အနိုင်မရရင်တောင် ရှုံးလို့မဖြစ်ဘူး။ ဆွဲဆောင်မှုမရှိတဲ့ ကစားပွဲဟာ ပရိသတ်အတွက်တော့ စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့အတွက် ကံဆိုးတဲ့နေ့တော့မဟုတ်ဘူး။ မန်ယူကွင်းဟာ အသင်းတိုင်းအတွက် အမြဲတမ်းအခက်ကြုံစေပါတယ်။ တကယ်လို့ ကျွန်တော်တို့အိမ်ကွင်းမှာ သရေကျမယ်ဆိုရင်တော့ ကျွန်တော်ပျော်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခု ၁ မှတ်ရတာကိုတော့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ အာရုံစူးစိုက်နိုင်သလို ခံစစ်ကောင်းအောင်လည်း လုပ်နိုင်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!