မော်ရင်ညို၏အနာဂတ် လာမည့် ၃ ပွဲရလဒ်ပေါ်မူတည်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီတွင် ရလဒ်ဆိုးများနှင့်ရုန်းကန်နေရသည့် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံနည်းပြ

ပြီးခဲ့သည့် စနေနေ့ကယှဉ်ပြိုင်ခဲ့သော ၀က်စ်ဟမ်းနှင့်ပွဲတွင် ချဲလ်ဆီးမှာ ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် အသင်းပိုင်းရှင်အေဘရာမိုဗစ်၏ ထောက်ခံမှုရရှိထားသော နည်းပြမော်ရင်ညို၏ အနာဂတ်နှင့်ပတ်သက်၍ ချဲလ်ဆီးဘုတ်အဖွဲ့က ပြန်လည်သုံးသပ်လျက်ရှိကြောင်း သတင်းများကဖော်ပြခဲ့ပြီး လာမည့် ၃ ပွဲရလဒ်ပေါ်မူတည်ကာ အဆုံးအဖြတ်ချမှတ်ဖွယ်ရှိကြောင်း သိရှိရသည်။

အကယ်၍ မော်ရင်ညိုထုတ်ပယ်ခံရမည်ဆိုပါက ၎င်း၏နေရာတွင် အစားထိုးရန် ရေပန်းအစားဆုံးနည်းပြစာရင်းတွင် အသင်းလက်မဲ့ဖြစ်နေသော ရီးရဲလ်နည်းပြဟောင်း အန်စလော့တီမှာ ထိပ်ဆုံး၌ရပ်တည်နေပြီး ချဲလ်ဆီးနှင့် အက်ဖ်အေဖလားရယူခဲ့ဖူးသည့် ဂုစ်ဟစ်ဒင့်သည်လည်း လန်ဒန်အခြေစိုက်အသင်းသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။

ထို့အပြင် ဘိုင်ယန်မြူးနစ်နှင့် ယခုအချိန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိသေးသော နည်းပြဂွါဒီယိုလာနှင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီတို့သည်လည်း လာမည့်နွေရာသီတွင် ချဲလ်ဆီးသို့ရောက်ရှိလာနိုင်သည်ဟု သုံးသပ်မှုများထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် စနေနေ့သည် ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်၏ ၄၉ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး တူရကီတွင် အနားယူအပန်းဖြေကာ ၀က်စ်ဟမ်းနှင့်ပွဲကို စောင့်ကြည့်နေသော အဆိုပါသန်းကြွယ်သူဋ္ဌေးအတွက် ရှုံးနိမ့်မှုသည် စိတ်ပျက်စရာဖြစ်ခဲ့ပြီး လာမည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ တွင် လီဗာပူးကိုအရေးနိမ့်မည်ဆိုပါက နည်းပြမော်ရင်ညို ထုတ်ပယ်ခံရရန်အလွန်နီးစပ်ကြောင်း သတင်းများက ရေးသားဖော်ပြခဲ့သည်။

comments

error: Content is protected !!