နောက်ဆုံးပွဲစဉ်အထိ အသက်ဝင်နေမည့် နေရှင်နယ်လိဂ် တန်းဆင်းဇုန်တိုက်ပွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရတနာပုံတိုက်စစ်ကို လိုက်လံဟန့်တားနေသည့် ရခိုင်ကစားသမားများ

အောက်တိုဘာ ၂၆။
အောင်သော်ဖြိုး

မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ ပြိုင်ပွဲ ပြီးဆုံးရန် နောက်ဆုံးပွဲစဉ်သို့ရောက်ရှိသည့်တိုင် မည်သည့်အသင်း တန်းဆင်းရမည်ဟု တိတိကျကျ မသိသေးဘဲ မနောမြေ၊ ရခိုင်ယူနိုက်တက် နှင့် နေပြည်တော်အသင်းတို့၏ နောက်ဆုံးပွဲစဉ် ရလဒ်များပေါ် မူတည်ကာ တန်းဆင်းမည့်အသင်းများ ထွက်ပေါ်လာမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား အဆင့် ၁ဝ တွင် မနောမြေအသင်းက ရမှတ် ၁၉ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၁၁ နေရာတွင် ရမှတ် ၁၈ မှတ်ဖြင့် ရခိုင်ယူနိုက်တက်၊ အဆင့် ၁၂ နေရာတွင် နေပြည်တော်အသင်းက ရမှတ် ၁၇မှတ်ဖြင့် ရပ်တည်နေသည်။

မနောမြေအသင်းသည် ရတနာပုံအသင်း အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ခက်ခဲနိုင်ပြီး ပွဲစဉ် ၂၁ တွင် ဧရာဝတီအသင်းကို အနိုင်ရကာ အဆင့် ၁ဝ နေရာသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ရတနာပုံအသင်းကို အနိုင်ရခဲ့မည်ဆိုပါက ရမှတ် ၂၂ မှတ်ဖြင့် လာမည့်နှစ် နေရှင်နယ်လိဂ်တွင် ဆက်ရှိနေမည်ပြီး ရခိုင်နှင့် နေပြည်တော် ၂ သင်းလုံး ရှုံးပွဲကြုံလျှင်လည်း မြန်မာနေရှင်နယ်လိဂ်တွင် ဆက်လက်ကျန်ရှိမည် ဖြစ်သည်။

ရခိုင်ယူနိုက်တက်သည် ကမ္ဘောဇအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဖြစ်မနေအနိုင်ရရန် လိုအပ်နေပြီး သရေရလဒ်ထွက်ပေါ်လျှင် ရတနာပုံအသင်းက မနောမြေအသင်းကို ၅ ဂိုးပြတ်နိုင်ပြီး ဟံသာဝတီအသင်းက နေပြည်တော်အသင်းကို အနိုင်ရမှသာ ရခိုင်ယူနိုက်တက်မှာ တန်းမဆင်းရရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။

အမှတ်ပေးဇယား အောက်ဆုံးနေရာတွင် ရပ်တည်နေသည့် နေပြည်တော်အသင်းသည် ဟံသာဝတီအသင်းနှင့် ပေါင်းလောင်းကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက ရမှတ် ၂ဝ ရရှိမည်ဖြစ်သော်လည်း ရခိုင်၊ မနောမြေတို့ ၂ သင်းလုံး နိုင်ပွဲပျောက်ဆုံးမှသာ နေရှင်နယ်လိဂ်တွင် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ရန်ကုန်ယူနိုက်တက်အသင်းက ၄ ကြိမ်မြောက် အဖြစ် ရာသီမကုန်ဆုံးမီကပင် ရယူနိုင်ခဲ့သော်လည်း တန်းဆင်းဇုန်တိုက်ပွဲမှာမှု နောက်ဆုံးပွဲစဉ် နောက်ဆုံးအချိန်အထိ အသက်ဝင်နေမည်ဖြစ်သည်။

12189115_614340395371443_3483013953940709353_n

comments

error: Content is protected !!