လက်ရွေးစင်နည်းပြသစ် ဂတ်ဖရိုင်းဒရစ်ခ်ျ၏ ပထမဆုံး လက်ရွေးစင်လူစာရင်း ထွက်ပေါ်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယနေ့နေ့လယ်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တွေ့ဆုံခဲ့သည့် လက်ရွေးစင်နည်းပြချုပ်

အောက်တိုဘာ ၂၆။
အောင်သော်ဖြိုး

လူငယ်အသင်းနည်းပြအဖြစ်မှ မြန်မာ့လက်ရွေးစင်အသင်းကြီး၏နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရသည့် ဂျာမန်လူမျိုးဂတ်ဖရိုင်းဒရစ်ခ်ျသည် နိုင်ငံတကာခြေစမ်းပွဲနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ရန်အတွက် လက်ရွေးစင်ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်လိုက်သည်။

နည်းပြသစ်၏ လက်ရွေးစင်လူစာရင်းတွင် ဆီးဂိမ်းပြိုင်ပွဲ၌ ငွေတံဆိပ်ရခဲ့သည့် ယူ-၂၃ အသင်းမှ ဟိန်းသီဟဇော်၊ နေလင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ ရဲဝင်းအောင်တို့ ပါဝင်လာခဲ့ပြီး ရတနာပုံအသင်းမှ သက်နိုင်ကိုလည်း ရှေ့တန်းတိုက်စစ်မှူးအဖြစ် ရွေးချယ်ထားသည်။

ကျန်ကစားသမားအများစုမှာ အပြောင်းအလဲမရှိခဲ့ဘဲ သန်းပိုင်၊ မောင်မောင်လွင်နှင့် ရှိုင်းသူရတို့မှာ ယူ-၂၁ ပဏာမလူစာရင်းသို့ ရောက်ရှိသွားခဲ့သည်။

မြန်မာ့လက်ရွေးစင် အပြီးသတ်ကစားသမား ၂၃ ဦး

ဂိုး – ကျော်ဇင်ဖြိုး(မကွေး)၊ ရန်အောင်လင်း(ဟံသာဝတီ)၊ မျိုးမင်းလတ်(ကမ္ဘောဇ)

နောက်တန်း – နန္ဒကျော်၊ ကျော်ဇင်လွင်(မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်(ရန်ကုန်)၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း(ဧရာဝတီ)၊ ဇော်လင်း(ကမ္ဘောဇ)၊ အောင်ဇော်(ဟံသာဝတီ)၊ ရဲဝင်းအောင်(ရတနာပုံ)

အလယ်တန်း- ရဲကိုဦး၊ လှိုင်းဘိုဘို(ရတနာပုံ)၊ ကြည်လင်း၊ ရန်အောင်ကျော်(ရန်ကုန်)၊ ကျော်မင်းဦး၊ သီဟဇော်၊ နေလင်းထွန်း(ဧရာဝတီ)၊ ဆမ်လန်မန်(ချင်း)

ရှေ့တန်း – အောင်သူ၊ သက်နိုင်(ရတနာပုံ)၊ ကျော်ကိုကို(ရန်ကုန်)

comments

error: Content is protected !!