မာရှေယာနို၏ အနီကတ်ပြစ်ဒဏ်အတွက် ဘာစီလိုနာအယူခံဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မာရှေယာနိုမှာ အနီကတ်ပြခံခဲ့ရသော်လည်း အသင်းက ၎င်းဘက်မှ ရပ်တည်ပေးခဲ့

ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အီဘာအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် နောက်ခံလူမာရှေယာနိုအတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း၊ ကွင်းလယ်ဒိုင်နှင့် ကစားသမားအကြား ဘာသာစကား နားလည်မှုလွဲခဲ့ခြင်းကြောင့် မာရှေယာနို အနီကတ်ပြခံခဲ့ရခြင်းဖြစ်ကြောင်း နည်းပြအန်းနရစ်က ဆိုသည်။

အဆိုပါ ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် မာရှေယာနို သည် ကွင်းလယ်ဒိုင်အား ပြင်းထန်စွာစောဒကတက်ခဲ့သည့်အပြင် ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများ အသုံးပြုခဲ့သည့်အတွက် ဒိုင်လူကြီး၏ထုတ်ပယ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နည်းပြအန်းနရစ်က ယခုကဲ့သို့  ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

“မာရှေယာနိုအနေနဲ့ ပုံမှန်ကစားနေကျပုံစံအတိုင်း ပြိုင်ဘက်အသင်းကို ရင်ဆိုင်ကစားခဲ့တာပါ။ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် အပြစ်တင်မှာမဟုတ်သလို ဒိုင်လူကြီးကိုလည်း ဝေဖန်စရာမရှိပါဘူး။ မာရှေယာနိုနဲ့ ဒိုင်လူကြီးတို့ကြားမှာ ဘာသာစကားအရ နားလည်မှုလွဲခဲ့လို့ အခုအခြေအနေ ကြုံခဲ့ရတာပါ။  မာရှေယာနိုက မိခင်ဘာသာစကားနဲ့ ပြောခဲ့ပေမယ့် စပိန်ဘာသာစကားအရ မိခင်အပေါ် စော်ကားပြောဆိုတဲ့အသုံးအနှုန်းနဲ့ ဆင်တူနေခဲ့တာက အဓိကပြဿနာပါပဲ။ သူ့အနီကတ်ကို အသင်းအနေနဲ့ အယူခံဝင်ဖို့ပြင်ဆင်သွားမှာပါ” ဟု နည်းပြအန်းနရစ်က ရှင်းလင်းပြောကြားခဲ့သည်။

comments

error: Content is protected !!