ရလဒ်ဆိုးများကြောင့် အယ်လ်ကာရက်ဇ်အား လီဗန်တေးနည်းပြရာထူးမှ ထုတ်ပယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရလဒ်ဆိုးများကြောင့် ထုတ်ပယ်ခံလိုက်ရသည့် အယ်လ်ကာရက်ဇ်

လာလီဂါအမှတ်ပေးဇယားအောက်ခြေတွင် ရပ်တည်နေသည့် လီဗန်တေးအသင်းသည် ဆိုစီဒက်နှင့်ပွဲစဉ်တွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရပြီးနောက် နည်းပြလူးကပ်စ်အယ်လ်ကာရက်ဇ်အား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုထုတ်ပြန်ခဲ့သည်။

အမှတ်ပေးဇယားအဆင့် ၂၀ နေရာတွင် ရပ်တည်နေသည့် လီဗန်တေးအသင်းသည် ပွဲစဉ် ၉ အပြီး၌ နိုင်ပွဲ ၁ ပွဲတည်းသာရရှိထားပြီး ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့သည့်အတွက် တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် အယ်လ်ကာရက်ဇ်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လီဗန်တေးအား စတင်တာဝန်ယူကိုင်တွယ်ခဲ့သည့် အယ်လ်ကာရက်ဇ်သည် ရလဒ်ကောင်းတချို့ ရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်နေရခြင်းကြောင့် အသင်းဘုတ်အဖွဲ့ဝင်အားလုံးက ရာထူးမှထုတ်ပယ်ရန် သဘောတူညီခဲ့ကြောင်း စပိန်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

comments

error: Content is protected !!