ဂျိုဟန်ခရိုက်မှာ ကာတာလန်ဒေသနှင့် ဘာစီလိုနာအတွက် ထာဝရရှင်သန်နေမည့်သူဟု ဘာစီလိုနာဥက္ကဋ္ဌဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အီဘာနှင့်ပွဲမစတင်မီ ဘာစီလိုနာကစားသမားများကိုတွေ့ရစဉ်

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ဂန္ထ၀င်ကစားသမားဖြစ်သည့်အပြင် နည်းပြဘ၀တွင်ပါ အသင်းအတွက် အောင်မြင်မှုများရယူပေးခဲ့သည့် ဂျိုဟန်ခရိုက်မှာ ကာတာလန်ဒေသနှင့် ဘာစီလိုနာအတွက် ထာဝရရှင်သန်နေမည့်သူဖြစ်ကြောင်း၊ အသင်းအတွက် ပေးဆပ်ခဲ့မှုများအတွက် ဥက္ကဋ္ဌတစ်ယောက်အနေနှင့် ကျေးဇူးတင်စကားဆိုလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အဆုတ်ကင်ဆာရောဂါခံစားနေရသည့်  ဂန္ထ၀င်ကစားသမားဂျိုဟန်ခရိုက်သည် ဘာစီလိုနာတွင် ကစားသမားအဖြစ် ၁၉၇၃ မှ ၁၉၇၈ အထိ ဖြတ်သန်းခဲ့သူဖြစ်ပြီး အောင်မြင်မှုများရရှိခဲ့ကာ နည်းပြတာဝန်ယူ ၁၉၈၈ မှ ၁၉၉၆ ကာလအတွင်းတွင်လည်း ချန်ပီယံလိဂ်ဖလား၊ လာလီဂါချန်ပီယံ ၅ ကြိမ်တို့အပြင် အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သည်။

ထို့ပြင် ၎င်းသည် စပိန်နိုင်ငံမှ ခွဲထွက်ရန်ကြိုးပမ်းနေသည့် ကာတာလန်လက်ရွေးစင်အသင်းကိုလည်း ၂၀၀၉ မှ ၂၀၁၃  အထိ တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

”နောက်ဆုံးအချိန်ရောက်ရှိလာတော့မယ့်  ဂန္ထ၀င်ကစားသမားတစ်ယောက်ရဲ့ အခြေအနေကို ကိုယ်ချင်းစာနာပြီး ဆုတောင်းပေးတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ အသင်းအတွက် ပေးဆပ်ခဲ့သမျှအားလုံးအပေါ် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကျေးဇူးတင်စကားဆိုချင်သလို ဂျိုဟန်ခရိုက်ရဲ့မိသားစုက အသင်းရဲ့မိသားစုလိုပါပဲ။ ကာတာလန်ဒေသနဲ့ ဘာစီလိုနာအသင်းအတွက်ကတော့ဂျိုဟန်ခရိုက်က အမြဲရှင်သန်နေမယ့် သူပါပဲ ” ဟု ဥက္ကဋ္ဌဘာတိုမြူက ဆိုခဲ့သည်။

ဘာစီလိုနာအသင်းသားများသည် အီဘာအားအနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ် ၉ မစတင်မီ အသင်း၏ ဂန္ထ၀င်ကစားသမားနည်းပြ  ဂျိုဟန်ခရိုက်အား အားပေးဂုဏ်ပြုသည့်ရည်ရွယ်ချက်ဖြင့်  စပိန်ဘာသာဖြင့်ရေးသားထားသည့် ဂျိုဟန်ခရိုက်အမည်ပါ လိမ္မော်ရောင်တီရှပ်များအား ၀တ်ဆင်ခဲ့ကြသည်။

comments

error: Content is protected !!