ကြောက်ရွံ့ခြင်းဖယ်ရှားရမည်ဟု လီဗာပူးနည်းပြ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးကစားသမားများကို ပထမဆုံးအကြိမ်သတိပေးလိုက်သည့် ယာဂင်ကလော့ပ်

လီဗာပူးနည်းပြကလော့ပ်က ကစားသမားများအနေဖြင့် ပြိုင်ဘက်အသင်း၏ လွှမ်းမိုးမှုခံရချိန်တွင် ကြောက်ရွံ့ခြင်းများကို ဖယ်ရှားရမည်ဟု သတိပေးပြောကြားလိုက်သည်။

လီဗာပူးအသင်းမှာ ယမန်နေ့က ဆောက်သမ်တန်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဘန်တီကီ၏သွင်းဂိုးဖြင့် နည်းပြသစ်ကလော့ပ်အတွက် ပထမဆုံးနိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ဆောက်သမ်တန်တိုက်စစ်မှူး မာနီ၏ နောက်ကျဂိုးကြောင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ကလော့ပ်က ”ဒါက ပြိုင်ပွဲတစ်ပွဲရဲ့ သွင်းဂိုးတစ်ဂိုးပါ။ ဘ၀တစ်ခုအတွက် နောက်ဆုံးအချိန်မဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားတွေ အဲဒီစိတ်ကို ဖျောက်ရမယ်။ ဒီဖိအားကို ကျွန်တော်နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော့်လူတွေကတော့ အဲဒီဖိအား ၀င်နေတယ်။ ကမ္ဘာပျက်နေပြီလို့ မတွေးမိတာက ကျွန်တော်တစ်ယောက်တည်းမဖြစ်ချင်ဘူး။ ဘောလုံးကစားတာဟာ နတ်သမီးပုံပြင်တစ်ပုဒ်မဟုတ်ဘူး။ တစ်ခါတလေတော့ ကျွန်တော်တို့ အဲဒီလိုပုံပြင်တွေ ရေးခဲ့ဖူးကြတယ်။ ဒီနေ့တော့ အဲဒီလိုပုံပြင် ဖြစ်မလာခဲ့ဘူး။ လိုအပ်ရင် ပြောင်းလဲမှုအများအပြား ပြုလုပ်ရမှာပါ။ ဒါပေမဲ့ အစအဆုံးပြောင်းဖို့တော့ မလိုဘူး။ ဒီနေ့ ရာနှုန်းပြည့်မပေးဆပ်နိုင်ရင် နောက်နေ့ပိုကောင်းအောင် ပေးဆပ်ရပါမယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!