ချန်ပီယံရန်ကုန်အသင်း ဇွဲကပင်နှင့် သရေကျ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
1
ပွဲမစတင်မီ နှစ်ဖက်အသင်းခေါင်းဆောင်များအား နှုတ်ဆက်နေစဉ်

အောက်တိုဘာ ၂၅။
အောင်သော်ဖြိုး

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၁ အဖြစ် ရန်ကုန်အသင်းနှင့် ဇွဲကပင်အသင်းတို့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီက သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဇွဲကပင်အသင်းက အဖွင့်ဂိုး၊ ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ရန်ကုန်အသင်းက ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ၂-၂ ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ရန်ကုန်အသင်းက အီမာဆင်၊ ဆီဇာ၊ ကျော်ကိုကို၊ ကြည်လင်းစသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်လာသလို ဇွဲကပင်ကလည်း ရန်ကုန်အသင်းကို ယှဉ်ပြိုင်နိုင်ရန် ဂျူနီယာ၊ ဟန်ဆန်၊ ကောင်းစည်သူ စသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။

ပွဲစတင်ပြီး ၄ မိနစ်တွင် ရန်ကုန်အသင်း ဘယ်တောင်ပံမှ ပြည့်ဖြိုးအောင် ထိုးဖောက် တိုက်စစ်ဆင် ကန်သွင်းမှုကို ဂိုးသမား ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့သည့်အတွက် ရန်ကုန်အသင်း နစ်နာခဲ့သည်။

ဇွဲကပင်အသင်း ညာတောင်ပံမှ သိန်းဇော် ဖြတ်တင်ပေးပို့မှုကို စိုင်းမင်းထွန်း အပိုင် ခေါင်းတိုက်ပိတ်သွင်းခဲ့ပြီး ဇွဲကပင်အတွက် အဖွင့်ဂိုးကို ရရှိခဲ့သည်။

ဦးဆောင်ဂိုး ပေးလိုက်ရသည့်အတွက် ရန်ကုန်အသင်း ချက်ချင်းဆိုသလို တိုက်စစ်မြှင့်ကစားလာခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ရန်ကုန်တိုက်စစ်မှုး ကျော်ကိုကို အဝေးမှ ကန်သွင်းကာ ရန်ကုန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ချေပဂိုး သွင်းယူပြီးနောက်ပိုင်း ရန်ကုန်အသင်းဘက်မှ တိုက်စစ်ဆင်မှု အများအပြား လုပ်နိုင်ခဲ့သော်လည်း ဇွဲကပင်အသင်းမှ ခပ်မာမာဟန့်တားမှုများပြုလုပ်ခဲ့ကာ ရန်ကုန်အသင်း ပြစ်ဒဏ်ဘောများ ကန်ခွင့်ရခဲ့သော်လည်း ဇွဲကပင်ဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်နိုင်သဖြင့် ဇွဲကပင်အသင်း သက်သာခဲ့ပြီး  ပွဲချိန် ၃၅ မိနစ်တွင်ရရှိသည့် ထောင့်ကန်ဘောမှ တစ်ဆင့် သိန်းဇော် အပိုင် ခေါင်းတိုက်သွင်းယူခဲ့သည့်အတွက် ဇွဲကပင်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ရန်ကုန်တိုက်စစ်မှူး ဆီဇာ၏ ထိုးဖောက်တိုက်စစ်ဆင်မှုကို ဇွဲကပင် နောက်ခံလူများ ဖျက်ထုတ်ပုံ ကြမ်းတမ်းသဖြင့် ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး ရရှိသည့် ပင်နယ်တီကို ကျော်ကိုကို ကန်သွင်းခဲ့ရာ ဂိုးသမား ကျော်ဇင်ထက် ပုတ်ထုတ် ကာကွယ်ရာမှ ပြန်ကျလာသည့် ဘောလုံးကို ထပ်မံ ပိတ်သွင်းခဲ့သော်လည်း ဂိုးသမား ကျော်ဇင်ထက်ကပင် လက်စွမ်းပြ ကာကွယ်ခဲ့သဖြင့် ရန်ကုန်အသင်း နစ်နာခဲ့သည်။

ရန်ကုန်အသင်းနှင့် ဇွဲကပင်အသင်းတို့ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ခဲ့သော်လည်း နှစ်ဖက်နောက်တန်းများ အကောင်းဆုံးပုံစံဖြင့် ရှင်းလင်းနိုင်ခဲ့ပြီး ပွဲချိန် ၆၄မိနစ်တွင် ဆီဇာအစား သန်းပိုင်၊ ပွဲချိန် ၇၀မိနစ်တွင် ပြည့်ဖြိုးအောင်အစား သီဟထက်အောင် ဝင်ရောက်ကစားခဲ့ပြီး  ပွဲချိန် ၇၁ မိနစ်တွင် လူစားဝင်တိုက်စစ်မှူး သန်းပိုင်က ရန်ကုန်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့၍ ပွဲပြီးချိန်တွင် ၂-၂ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

comments

error: Content is protected !!