ပြည့်စုံသည့် ရက်သတ္တပတ်ဟု အာစင်ဝင်းဂါး ကင်ပွန်းတပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အဲဗာတန်နှင့်ပွဲတွင် ကွင်းဘေးမှညွှန်ကြားနေသည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အဲဗာတန်ကို ၂-၁ ဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာအား ရယူနိုင်ခဲ့ပြီးနောက် ယခုသီတင်းပတ်မှာ ပြည့်စုံသည့် ရက်သတ္တပတ်ဟု ပြောကြားလိုက်သည်။

အာဆင်နယ်မှာ ပြီးခဲ့သည့်ကြားရက်က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘိုင်ယန်ကို ၂ ဂိုးပြတ်အနိုင်ရပြီးနောက် အဲဗာတန်ကိုလည်း ယမန်နေ့က ဂီရော့ဒ်နှင့် ကိုစီရယ်နီတို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် အာဆင်နယ်သည် မန်စီးတီးထက် ၁ ပွဲပို ၁ မှတ်အသာရကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာအား သိမ်းပိုက်ထားနိုင်ခဲ့သည်။

“ပြည့်စုံတဲ့ ရက်သတ္တပတ်ပါ။ အာရုံစူးစိုက်မှု၊ စည်းလုံးမှုနဲ့ ထောင်လွှားမှုမရှိတာတွေကို ဆက်ထိန်းသိမ်းထားရမယ်။ ကြားရက်ကလို ပွဲကြီးတစ်ပွဲကို အနိုင်ရလိုက်တဲ့အချိန်မှာ အသင်းရဲ့စိတ်ဓာတ်က တော်တော်ကြီး တက်သွားတယ်။ အဲဒါကြောင့် ကျွန်တော့်အသင်းအတွက် ဂုဏ်ယူတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်လည်အာရုံစိုက်နိုင်တဲ့အစွမ်းကို သူတို့ပြနိုင်ခဲ့လို့ပါပဲ”ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်နောက်ပိုင်း လိဂ်ဖလားမရရှိတော့သည့် အာစင်ဝင်းဂါးသည် ယခုတစ်ပတ်တွင် ရှက်ဖီးဝက်စ်ဒေးနှင့်ကစားမည့် လိဂ်ဖလားပွဲစဉ်၌ အဓိက ကစားသမားများကို အနားပေးမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!