အနီကတ်ပြခံရပြီးနောက် မီဒီယာများနှင့်တွေ့ဆုံရန် မော်ရင်ညိုငြင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝက်စ်ဟမ်းဒါရိုက်တာသီးသန့်နေရာမှ ဒုတိယပိုင်းအား ကြည့်ရှုနေခဲ့သည့် မော်ရင်ညို

ဝက်စ်ဟမ်းအား ၂-၁ ဖြင့် အရေးနိမ့်ခဲ့သော ပွဲတွင် အနီကတ်ပြခံရပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည့် ချဲလ်ဆီးနည်းပြ မော်ရင်ညိုမှာ ပွဲအပြီးတွင် မီဒီယာများအား တွေ့ဆုံရန် ငြင်းဆိုသွားခဲ့သည်။

ဆယ်ကျော်သက်တစ်ဦးက ရိုက်ကူးခဲ့သော ဖုန်းဗီဒီယိုဖိုင် ထုတ်လွှင့်ခဲ့ခြင်းနှင့်ပတ်သက်၍ မီဒီယာများအား သောကြာနေ့က သတိပေးခဲ့သော မော်ရင်ညိုမှာ ယခုပွဲအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိချေ။

ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် ဂယ်ရီကာဟေးလ်တစ်ဦးသာ ချဲလ်ဆီးကိုယ်စား မီဒီယာများနှင့်တွေ့ဆုံခဲ့ပြီး”ကျွန်တော်တို့ စိတ်မကောင်းမဖြစ်ပါဘူး”ဟု ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းနှင့်ပွဲတွင် ဇာရက်တီက ၀က်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့သည်ကို ကာဟေးလ်က ချေပခဲ့သော်လည်း အန်ဒီကာရိုးလ်၏ နောက်ကျခေါင်းတိုက်ဂိုးကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယခုလန်ဒန်ဒါဘီတွင် အရေးနိမ့်ခဲ့ခြင်းမှာ လက်ရှိရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၅ ပွဲမြောက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ပွဲချိန်အတွင်း၌လည်း မော်ရင်ညိုအပြင် လက်ထောက်နည်းပြ လော်ရို၊ ကွင်းလယ်လူ မာတစ်တို့လည်း ထုတ်ပယ်ခံခဲ့ရသည်။

လော်ရိုမှာ ပထမပိုင်းမပြီးမီ မာတစ်အား ဒုတိယအ၀ါကတ်ပြသမှုအပေါ် စောဒကတက်ခဲ့၍ ထုတ်ပယ်ခံရခြင်းဖြစ်ပြီး မော်ရင်ညိုမှာ ကွင်းလယ်ဒိုင် ဂျွန်မော့စ်အား ဝေဖန်ခဲ့သည့်အတွက် အနီကတ်ပြခံရခြင်းဖြစ်သည်။

အနီကတ်ပြသခံရပြီးနောက် မော်ရင်ညိုသည် ပွဲချိန်ဒုတိယပိုင်းအား ၀က်စ်ဟမ်းဒါရိုက်တာသီးသန့်နေရာမှ ကြည့်ရှုခဲ့သော်လည်း ကာရိုးလ်က အနိုင်ဂိုးသွင်းယူပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

comments

error: Content is protected !!