အီဘာနှင့်ပွဲတွင် အင်နီယေစတာ ပြန်လည်ပါဝင်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အင်နီယေစတာ

ယနေ့ညတွင်ကစားမည့် အီဘာနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

အင်နီယေစတာမှာ စက်တင်ဘာ ၂၉ ရက်နေ့က ကစားခဲ့သည့် လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရခဲ့ပြီးနောက် ၁ လနီးပါး အနားယူခဲ့ရသော်လည်း ယမန်နေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်။

ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်မှာ အီဘာနှင့်ပွဲအတွက် လူရွေးချယ်ခြင်းမပြုမီ အန်နီယေစတာအား အသုံးပြုခွင့်ရရန် ဆေးအဖွဲ့၏ ထောက်ခံချက်ကို ရရှိဖွယ်ရှိနေကြောင်းလည်း သိရသည်။

သို့သော် ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အင်နီယေစတာမှာ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခံရဖွယ်မရှိကြောင်း သိရှိရသည်။

comments

error: Content is protected !!