၁၆ နှစ်အရွယ်ဂိုးသမားကို အေစီမီလန် ပွဲထွက်စေဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာလူစကိုနီဖလားပွဲတွင် အင်တာမီလန်နှင့်ရင်ဆိုင်စဉ်က ဒွန်နာအမ်မာအား တွေ့ရစဉ်

အေစီမီလန်အသင်းသည် ယနေ့ညတွင်ကစားမည့် ဆက်ဆူလိုနှင့်ပွဲစဉ်တွင် အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂီယန်လူဂီဒွန်နာအမ်မာကို ပွဲထွက်စေဖွယ်ရှိနေကြောင်း သိရှိရသည်။

La Gazzetta dello Sport နှင့် Sky Sport Italia သတင်းဌာနများက အေစီမီလန်အနေဖြင့် အနိုင်ရရန် အလွန်အရေးကြီးနေသော ယခုပွဲတွင် နည်းပြမီဟိုင်းလိုဗစ်က ပထမဂိုးသမား ဒီယေဂိုလိုပက်ဇ်နေရာတွင် ဒွန်နာအမ်မာကို အစားထိုးဖွယ်ရှိနေသည်ဟု အခိုင်အမာဖော်ပြခဲ့သည်။

အီတလီ ယူ-၁၇ လက်ရွေးစင်ဂိုးသမား ဒွန်နာအမ်မာသည် လာမည့်ဖေဖော်ဝါရီလတွင် အသက် ၁၇ နှစ်ပြည့်မည်ဖြစ်ပြီး ဆက်ဆူလိုနှင့်ပွဲတွင် ပထမဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရပါက ၎င်း၏ ပထမဆုံးစီးရီးအေပွဲဦးထွက် ဖြစ်လာမည်ဖြစ်သည်။

ဒွန်နာအမ်မာသည် အေစီမီလန်အသင်းကြီးအတွက် ပြိုင်ပွဲအဆင့်တွင် ကစားဖူးခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့်နွေရာသီက အင်တာနေရှင်နယ်ချန်ပီယံဖလားပွဲတွင် ရီးရဲလ်နှင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ၌ အသင်းဂိုးပေါက်အား တာဝန်ယူခဲ့ဖူးသည်။

ဆက်ဆူလိုနှင့်ပွဲတွင် ၁၆ နှစ်အရွယ် ဒွန်နာအမ်မာကို ပထမဂိုးသမားနေရာပေးလိုက်ရပါက အသက် ၃၄ နှစ်ပြည့်တော့မည့် ရီးရဲလ်ဂိုးသမားဟောင်း ဒီယေဂိုလိုပက်ဇ်အတွက် ကြီးမားသည့်ထိုးနှက်ချက် ဖြစ်လာမည်ဟုလည်း အီတလီသတင်းများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!