ဘွန်ဒက်စ်လီဂါနိုင်ပွဲ ၁၀၀၀ ပြည့်အဖြစ် ဘိုင်ယန်ပရိသတ်များကို ဘီယာအခမဲ့တိုက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘီယာအခမဲ့တိုက်မည်ဟူသော စာတန်းကို ဘိုင်ယန်မြူးနစ်ကွင်းတွင်း ရုပ်သံမျက်နှာပြင်တွင် ကြေညာထားစဉ်

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါနိုင်ပွဲ ၁၀၀၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ပရိသတ်များကို ဘီယာအခမဲ့တိုက်မည်ဟု ကြေညာခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ယမန်နေ့က ကစားခဲ့သည့်ပွဲစဉ်တွင် ကိုလုံးကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘီယာအခမဲ့တိုက်မည်ဟူသော စာတန်းကို ဧရာမရုပ်သံမျက်နှာပြင်တွင် ဖော်ပြခဲ့သည်။

ယခုနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်သည် ဒုတိယနေရာမှ ဒေါ့မွန်ကို ၇ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် သက်သာသော အိမ်ကွင်းလက်မှတ်ခနှင့် ပရိသတ်များအပေါ် အလေးထားမှုများကြောင့် ဂုဏ်သတင်းမွှေးပြီး ပြီးခဲ့သည့် ကြားရက်ကလည်း နည်းပြဖြစ်သူ ဂွါဒီယိုလာက အာဆင်နယ်ပရိသတ်များကို ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဒုတိယအကျော့အဖြစ် ဂျာမန်မြေတွင် ရင်ဆိုင်သည့်အချိန်၌ သက်သာသောလက်မှတ်နှုန်းထားဖြင့် ကြည့်ရှုနိုင်စေရမည်ဟု အာဆင်နယ်ပရိသတ်များကို ပြောကြားခဲ့သည်။

ဘိုင်ယန်ပရိသတ်များသည် လန်ဒန်တွင်ကစားခဲ့သည့် အာဆင်နယ်နှင့်ပွဲတွင် ပွဲကစားချိန် ၅ မိနစ်အထိ လက်မှတ်ဈေးနှုန်းအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၎င်းတို့သည် “လက်မှတ်တစ်စောင် ၆၄ ပေါင်။ ပရိသတ်မရှိသည့် ဘောလုံးပွဲမှာ တစ်ပဲနိပင်မတန်”ဟူသော စာတန်းအား ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား အာဆင်နယ်ပရိသတ်များကလည်း အားပေးခဲ့ကြသည်။

comments

error: Content is protected !!