ဖီအိုရင်တီးနားနှင့် ပွဲစဉ်တွင် ရော့စီပါဝင်ရန် မသေချာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
1
ရိုးမားလေ့ကျင့်ရေးကွင်းမှ ရော့စီ

ရိုးမားကွင်းလယ်လူ ရော့စီသည် လေဗာကူဆင်နှင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့၍ စီးရီးအေပွဲစဉ် ၉ အဖြစ်ကစားမည့် ဖီအိုရင်တီးနားနှင့် ပွဲစဉ်တွင် ပါဝင်ကစားပေးနိုင်ရန်မသေချာကြောင်း နည်းပြဂါစီယာက အတည်ပြုပြောကြားခဲ့သည်။

ဒူးဒဏ်ရာမှ ပြန်သက်သာလာခဲ့ပြီးနောက် ရိုးမားအတွက် ပြန်လည်ခြေစွမ်းပြနေသည့် ရော့စီသည် အသင်းဖော်ဖြစ်သူ ဖလော်ရန်စီနှင့်အတူ အဓိကပွဲထွက်ကစားသမားနေရာ ရယူထားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၂ ပွဲတွင် ၃ ဂိုးအထိ သွင်းယူပေးထားနိုင်သူဖြစ်သည်။

စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေသည့် ဖီအိုရင်တီးနားနှင့် ရမှတ် ၁​ မှတ်အကွာ အဆင့် ၂ နေရာတွင် ရပ်တည်နေသည့် ရိုးမားကစားသမားအများစုမှာ ဒဏ်ရာပြဿနာရှိနေကြ၍ နည်းပြဂါစီယာမှာ အခက်အခဲအချို့နှင့် ရင်ဆိုင်နေရခြင်းကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။

comments

error: Content is protected !!