၎င်းကဲ့သို့ ထူးချွန်ထက်မြက်သည့် ဘောလုံးသမားမရှိဟု ပီလီဆို
|
အသက် ၇၅ နှစ်အရွယ် ဂန္ထ၀င်ဘောလုံးသမား ပီလီက မက်ဆီနှင့် ရော်နယ်ဒိုတို့မှာ ၎င်းတို့မျိုးဆက်၏ အကောင်းဆုံးများဖြစ်သော်လည်း ထာဝရအကောင်းဆုံးကစားသမားများ မဟုတ်ဟု ပြောကြားလိုက်သည်။
ကမ္ဘာ့ဖလား ၃ ကြိမ်ရခဲ့သည့် ပီလီက ၎င်းကဲ့သို့ ထူးချွန်ထက်မြက်သည့် ဘောလုံးသမားကိုလည်း မမြင်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ အောင်မြင်မှုများစွာရရှိခဲ့သော်လည်း ပီလီက မိမိသည်သာ ထာဝရအကောင်းဆုံးကစားသမားဖြစ်သည်ဟု ဆိုသည်။
စပိန်သတင်းဌာနက မာကာက ပီလီအား ၎င်းထက်ပိုကောင်းသည့် ကစားသမားအား မြင်တွေ့ဖူးသလားဟု မေးမြန်းရာတွင် ပီလီက”အခုလိုပြောရတာတော့ ခွင့်လွှတ်ပါဗျာ။ ၁၉၇၀ ပြည့်နှစ်တွေတုန်းက ပီလီလို ထူးချွန်ထက်မြက်တဲ့ ကစားသမား လုံးဝမမြင်ဖူးပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။
သို့သော် ပီလီက ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ယခုခေတ်၏ အကောင်းဆုံးများဖြစ်သည်ဟု ချီးကျူးခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကစားသမားတိုင်းမှာ ခေတ်တစ်ခေတ်စီရှိတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုကတော့ လောလောဆယ် အကောင်းဆုံးတွေပေါ့။ မက်ဆီက စိတ်ဓာတ်ပြင်းပြမှုနဲ့ ဇွဲလုံ့လရှိမှုအတွက် သာဓကကောင်းပဲ။ သူ့ငယ်ဘ၀က သူများတွေကို မလွယ်ကူခဲ့ဘူးလေ။ ရော်နယ်ဒိုကတော့ ဘယ်တော့မှ မရပ်တန့်နိုင်တဲ့ ဂိုးမုဆိုးပေါ့။ သူ့ရဲ့ အဲဒီအရည်အချင်းကို ကျွန်တော်အားကျတယ်”ဟု ပီလီက ဖြည့်စွက်ပြောကြားခဲ့သည်။
Next : အသင်းဟန်ချက်နှင့် အိုဇဲလ်အား အာစင်ဝင်းဂါး ချီးကျူး