ဘာစီလိုနာလူငယ် ပတ်ဆန်ဟို အသင်းကြီးနှင့် ပထမဆုံးလေ့ကျင့်ခန်းဆင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖီဖာက ပြစ်ဒဏ်မချမီ ယမန်နှစ်က ဘာစီလိုနာလူငယ်အသင်း ခြေစမ်းပွဲတွင်တွေ့ရသည့် ပတ်ဆန်ဟို

ဘာစီလိုနာလူငယ်ကစားသမား ပတ်ဆန်ဟိုသည် အံ့အားသင့်ဖွယ်အဖြစ် အသင်းကြီးနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ကြောင်း သိရှိရသည်။

ဘာစီလိုနာ ယူ-၁၈ အသင်းမှ ထိုကစားသမားသည် အီဘာနှင့်ကစားမည့်ပွဲမတိုင်မီ လေ့ကျင့်ရေးအစီအစဉ်သို့ ဘာစီလိုနာ ဘီ အသင်းမှ ဂမ်ဘူနှင့်အတူ အသင်းကြီးတွင် လေ့ကျင့်ခန်းဆင်းရန် နည်းပြအန်းနရစ်က ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပတ်ဆန်ဟိုကိုခေါ်ယူစဉ်က အသက်မပြည့်သေးသည့်အတွက် ဖီဖာက ဘာစီလိုနာကို ပြစ်ဒဏ်ချမှတ်ထားသည့်အတွက် ၎င်းမှာ ကစားခွင့်မရသေးသော ဘာစီလိုနာကစားသမားများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

ထိုပြစ်ဒဏ်ကြောင့် ဘာစီလိုနာသို့ ရောက်ရှိနေသည်မှာ ၆ နှစ်ရှိပြီဖြစ်သည့် ပတ်ဆန်ဟိုသည် ခြေစမ်းပွဲများတွင်လည်း ပါဝင်ကစားခွင့်မရသေးဘဲ နိုင်ငံအသင်း တောင်ကိုရီးယားအတွက်သာ ကစားပေးနိုင်သည်။

အသက်ပြည့်သွားပြီဖြစ်သော ပတ်ဆန်ဟိုမှာ အသင်းတွင် မှတ်ပုံတင်ခွင့်မရသေးဘဲ လာမည့်နှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလရောက်မှသာ ဘာစီလိုနာအတွက် ကစားခွင့်ရနိုင်မည်ဖြစ်သည်။

အဆိုပါ တောင်ကိုရီးယားကစားသမားမှာ ဘာစီလိုနာ လူငယ်ကစားသမားများအနက် အလားအလာအရှိဆုံးအဖြစ် သတ်မှတ်ခံထားရပြီး နည်းပြများကလည်း ၎င်းကို ထွန်းတောက်လာမည့်ကစားသမားဟု သုံးသပ်ထားသည်။

comments

error: Content is protected !!