ဂျူဗင်တပ်ဒုဥက္ကဋ္ဌအဖြစ် နက်ဗက်ခန့်အပ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2
ဥရောပ ယူ-၂၁ ပွဲစဉ်မဲခွဲပွဲက နက်ဗက်အားတွေ့ရစဉ်

ဂျူဗင်တပ်အသင်း၏ လူငယ်စီမံကိန်းများအား တိုးတက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သော အသင်းဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် နက်ဗက်သည် အသင်းဒုဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း ဂျူဗင်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သည့် နက်ဗက်သည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက ဂျူဗင်တပ်အသင်းအောင်မြင်မှုများရရှိခဲ့ရာ၌ အဓိကနေရာမှ စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရာထူးတိုးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။

“အသင်းဘုတ်အဖွဲ့ဝင်တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ နက်ဗက်အနေနဲ့ အသင်းအတွက်ရော၊ ဘုတ်အဖွဲ့ဝင်တွေကိုပါ ဦးဆောင်နိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ အသင်းနည်းစနစ်ပိုင်းအပါအ၀င် ဘဏ္ဍာရေးပိုင်းတွေမှာပါ မြင့်မားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့သူတစ်ယောက်အတွက် ဒုဥက္ကဋ္ဌနေရာက အထိုက်တန်ဆုံးလို့ ထင်ပါတယ်” ဟု ဂျူဗင်တပ်အသင်းဥက္ကဋ္ဌ အန်ဒရီရယ်အန်နယ်လီက ဆိုသည်။

ဂျူဗင်တပ်တွင် ကစားသမားအဖြစ် အောင်မြင်မှုများရရှိခဲ့ပြီး အသင်းဘုတ်အဖွဲ့ဝင်အဖြစ်မှ ဒုဥက္ကဋ္ဌအဖြစ် တိုးမြှင့်ခြင်းခံခဲ့ရသည့် နက်ဗက်က ရာထူးတိုးမြှင့်ခံရသည့်အတွက် အသင်းနှင့် ဥက္ကဋ္ဌကို ကျေးဇူးတင်ရှိပါကြောင်း၊ ဂျူဗင်တပ်ကို ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်းအဖြစ် ပြန်လည်ရပ်တည်နိုင်စေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

comments

error: Content is protected !!