ရီးရဲလ်တွင် မိုဒရစ်ပွဲထွက်မည်ဖြစ်ပြီး ဘန်ဇီမာမပါဝင်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပီအက်စ်ဂျီနှင့်ပွဲစဉ်က မိုဒရစ်အား ဘင်နီတက်ဇ်နှင့်အတူ တွေ့ရစဉ်

ယနေ့ညတွင် ကစားမည့် ဇယားထိပ်ပိုင်းမှ ဆယ်လ်တာဗီဂိုနှင့်ပွဲစဉ်တွင် ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုကစားသမားမှာ ကြံ့ခိုင်မှုအပြည့်ရှိသည်ဟု အသင်းဆေးအဖွဲ့က ထောက်ခံချက်ပေးခဲ့သည့်အတွက် ဆယ်လ်တာဗီဂိုနှင့် အဝေးကွင်းပွဲစဉ်တွင် နည်းပြဘင်နီတက်ဇ်က ၎င်းအား ပွဲထွက်ကစားသမားနေရာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်နည်းပြဘင်နီတက်ဇ်သည် ဒဏ်ရာကြောင့် နားနေရသည့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်မပါဝင်နိုင်ချိန်တွင် ကွင်းလယ်၌ ကက်ဆီမီယို၊ တိုနီခရူးစ်နှင့် မိုဒရစ်တို့အတွဲကို ဆက်လက်အသုံးပြုဖွယ်ရှိနေသည်။

နောက်ဆက်တွဲသိရှိရသော သတင်းများအရ တိုက်စစ်မှူးဘန်ဇီမာမှာ ယမန်နေ့ လေ့ကျင့်ခန်းအစီအစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဆယ်လ်တာဗီဂိုနှင့်ပွဲကို ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသော်လည်း ကိုဗာဆစ်နှင့် ရာမို့စ်တို့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့သည့်အတွက် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရီးရဲလ်နည်းပြဘင်နီတက်ဇ်သည် ဆယ်လ်တာဗီဂိုနှင့်ပွဲအပြီးတွင် ဒဏ်ရာရနေသည့် ကစားသမားများမှလွဲ၍ ပွဲပန်းနေသည့်ကစားသမားများကို ၂ ရက်ကြာ ရက်တိုအားလပ်ရက် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

comments

error: Content is protected !!