မန်ချက်စတာဒါဘီတွင် မန်စီးတီးက အပေါ်အသင်းဟု ဗန်ဟားလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒါဘီပွဲကြို သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူနည်းပြ လူးဝစ်ဗန်ဟားလ်က တနင်္ဂနွေနေ့တွင်ကစားမည့် မန်ချက်စတာဒါဘီမှာ အိုးထရက်ဖို့ဒ်တွင် ကစားမည်ဖြစ်သော်လည်း အနိုင်ရရန် အလေးပေးခံနေရသည့်အသင်းမှာ မန်စီးတီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

၂၀၁၁ နောက်ပိုင်း ဒါဘီပွဲ ၈ ပွဲတွင် ၆ ပွဲ အနိုင်ရထားသော မန်စီးတီးနှင့်ပတ်သက်ပြီး ဗန်ဟားလ်က မန်စီးတီးမှာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့်အသင်းဖြစ်၍ ဒါဘီပွဲများတွင် အောင်မြင်မှုရှေ့ဆက်နိုင်ရန် ကြိုးစားလာမည်ဖြစ်သောကြောင့် အနိုင်ရရန် အလေးသာသည့်အသင်းအဖြစ် ယူဆခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့က အဆင့် ၁ ပါ။ ကျွန်တော်တို့က အဆင့် ၃ မှာ ရှိနေတယ်။ ဂိုးကွာခြားချက်လည်းရှိတယ်။ ၁ မှတ်ကွာတယ်။ သူတို့က အပေါ်အသင်းပဲ”ဟု ဗန်ဟားလ်က ဆိုသည်။

ထို့အပြင် ဗန်ဟားလ်က ယခုပွဲစဉ်မှာ အသင်းအားပေးသူများအတွက် အရေးပါသည်ကို နားလည်ကြောင်းလည်း ဖွင့်ဟ၀န်ခံခဲ့သည်။

သို့သော် ဗန်ဟားလ်က ပြင်းထန်သည့် ဒါဘီပွဲဖြစ်သော်လည်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ရန်အတွက် ထိုပွဲတွင် သာမန်ပုံစံဖြင့်သာ တာဝန်ယူသွားပြီး အိုးထရက်ဖို့ဒ်၌ ဒါဘီပွဲ ၂ ပွဲဆက်အနိုင်ရရန် ကြိုးပမ်းပေးသွားမည်ဟု ဆိုသည်။

“ပရိသတ်တွေအတွက်တော့ အရမ်းစိတ်လှုပ်ရှားစရာပွဲပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အလုပ်သဘောနဲ့ပဲ ကြိုးစားသွားမယ်။ ခံစားချက် မထည့်ပါဘူး”ဟု ဗန်ဟားလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!