ဆန်းဒါးလန်း၏ နိုင်ပွဲမှာ ၃ မှတ်ရရှိမှုထက်ပိုမည်ဖြစ်ကြောင်း အလာဒိုက်စ် သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အလာဒိုက်စ်

ဆန်းဒါးလန်းနည်းပြသစ် ဆမ်အလာဒိုက်စ်က တန်းဆင်းဇုန်အတွင်းရောက်နေသည့် ၎င်းတို့အသင်း နိုင်ပွဲရရှိလျှင် ရရှိမည့် ၃ မှတ်ထက်ပိုသော အခြားကိစ္စများရှိကြောင်း အသင်းသားများကို သတိပေးလိုက်သည်။

အလာဒိုက်စ်က မိမိတို့အသင်း တန်းဆင်းရလျှင် လျော့ကျသွားမည့် ရုပ်သံလွှင့်ခ၀င်ငွေ ပေါင် သန်း ၁၀၀ ကြောင့် ကလပ်အသင်းဝန်ထမ်း ရာပေါင်းများစွာမှာ အလုပ်အကိုင်လျှော့ချမှုနှင့် ရင်ဆိုင်ရမည်ဖြစ်၍ အသင်းနိုင်ပွဲရရန်မှာ အရေးကြီးသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပရီးမီးယားလိဂ်မှာ ဆက်ကစားခွင့်ရဖို့ တစ်ခုတည်းကို ကျွန်တော်တာဝန်ယူနေရတာ မဟုတ်ပါဘူး။ ၀န်ထမ်းပေါင်းများစွာရဲ့ အလုပ်အကိုင်တည်မြဲမှုရှိအောင်လည်း လုပ်ပေးနေရတာပါ။ ဒီကလပ်မှာ ၀န်ထမ်းရာပေါင်းများစွာရှိတယ်။ ကျွန်တော်တို့သာ တန်းဆင်းသွားရရင် အသင်းကလည်း ၀န်ထမ်းအင်အား လျှော့ချရလိမ့်မယ်လေ။ အဲဒါက ကျွန်တော့်တာဝန်ပဲ။ ဒီကလပ်မှာ ကာလအကြာကြီး အလုပ်လုပ်နေတဲ့ ဆန်းဒါးလန်းပရိသတ်တွေ ရှိနေမှာပဲ။ သူတို့အတွက် ကျွန်တော့်မှာ တာဝန်ကြီးတစ်ခုရှိတယ်။ သူတို့ အလုပ်တည်မြဲအောင် လုပ်ပေးနိုင်ဖို့ပဲ။ ၀က်စ်ဟမ်းမှာတုန်းက တန်းဆင်းရတဲ့ဒုက္ခကို ကျွန်တော်ကြုံခဲ့ရတယ်။ တော်တော်ခက်ခဲတဲ့ အနေအထားဖြစ်ခဲ့တယ်”ဟု အလာဒိုက်စ်က ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!