ခရစ္စမတ်ပွဲစဉ်များမှာ ဆိုးကျိုးဖြစ်စေဟူသော ဗန်ဟားလ်၏ သုံးသပ်မှုကို အာစင်ဝင်းဂါးလက်မခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယမန်နှစ်ကတွေ့ရသည့် ဗန်ဟားလ်နှင့် အာစင်ဝင်းဂါး

မန်ယူနည်းပြဗန်ဟားလ်မှာ ဆောင်းရာသီကာလတွင် ပရီးမီးယားလိဂ်ပွဲစဉ်များစွာ ကစားရသောကြောင့် ကစားသမားများ ပွဲပန်းမှုဒဏ်ခံရပြီး ဆိုးကျိုးများစွာဖြစ်ခဲ့သည်ဟု ယုံကြည်ထားသော်လည်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အဆိုပါပွဲစဉ်များကို ရိုးရာပွဲတော်တစ်ခုအဖြစ် မှတ်ယူထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ဘောလုံးပြက္ခဒိန်မှ ခရစ္စမတ်ပွဲစဉ်များကို ဖယ်ရှားပစ်မည်ဆိုပါက ငိုကြွေးမိမည်ဟုဆိုကာ ထိုကာလသည် ဗြိတိန်ပရိသတ်များအတွက်သာမက ကမ္ဘာအ၀ှမ်းရှိ ပရိသတ်များအတွက်ပါ အရေးကြီးသည့် ပွဲစဉ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးက ”ကျွန်တော် ဗန်ဟားလ်ကို လေးစားပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျွန်တော် သဘောမတူဘူး။ သူဒီလို တွေးကောင်းတွေးနိုင်ပါတယ်။ ကျွန်တော်လည်း အင်္ဂလန်နဲ့ပတ်သတ်တဲ့ ကိစ္စတွေသိဖို့ အချိန်ကာလတစ်ခုပေးခဲ့ရတာပါ။ ကျွန်တော်စရောက်တုန်းကလည်း သူ့လိုတွေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့မှာ အဲဒီဓလေ့ကို ပြောင်းလဲမယ်ဆိုရင် ကျွန်တော်ငိုမိမှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲစဉ်တွေဟာ အင်္ဂလိပ်ဓလေ့နဲ့ အင်္ဂလိပ်ဘောလုံးပြိုင်ပွဲရဲ့ အစိတ်အပိုင်းတွေဖြစ်နေတယ်။ ဥရောပတစ်ဝှမ်းကလူတွေ ဒီပွဲတွေကြည့်ဖို့ အင်္ဂလန်ကိုလာကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ကျော်ကြားနေတဲ့ သူတို့ပြိုင်ပွဲရဲ့ အရေးအကြီးဆုံး အချက်ပါ။ ခရစ္စမတ်ရောက်ရင် အလုပ်နားကြတော့ လူတိုင်း ပရီးမီးယားလိဂ်ကို ကြည့်ရှုဖြစ်ကြပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!