ရုရှားပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုသတင်းများ အလွန်အကျူးဖော်ပြနေဟု ရုရှားအသင်းခေါင်းဆောင်ဟောင်း စွပ်စွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
FIFA '1000 Days to Go' အခမ်းအနားတွင်တွေ့ရသည့် စမာတင်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသံတမန်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ရုရှားလက်ရွေးအသင်းခေါင်းဆောင်ဟောင်း စမာတင်က လူမည်းကစားသမားများကို​ ရုရှားပရိသတ်များ၏ ဆက်ဆံမှုများမှာ နစ်နာစေလိုသည့် အနေအထားမရှိကြောင်း၊ လူမျိုးရေးခွဲခြားမှုသတင်းအချို့မှာ ပရိသတ်စိတ်ဝင်စားရေးအတွက် အလွန်အကျူးရေးသားဖော်ပြနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပရန်အတွက် ၃ နှစ် လိုသေးသော်လည်း ရုရှားဘောလုံးပရိသတ်များက လူမည်းကစားသမားများကို လူမျိုးရေးခွဲခြားခဲ့ခြင်းများနှင့် ပတ်သက်၍ မီဒီယာများက အလွန်အကျူးဖော်ပြနေခြင်းကို ပြိုင်ပွဲတာဝန်ရှိသူများက စိတ်ပျက်လျက်ရှိနေကြသည်။

“ရုရှားလူမျိုးတွေက လူမျိုးရေးခွဲခြားလေ့ရှိတဲ့ လူစားမျိုးမဟုတ်ပါဘူး။ တခြားပြည်ပပရိသတ်များဆီက ကူးစက်လာတဲ့ အကျင့်ဆိုးတစ်ခုအဖြစ်ပဲ သတ်မှတ်ရမှာပါ။ တချို့ကစားသမားတွေ ငှက်ပျောသီးနဲ့ ပစ်ပေါက်ခံရတယ်ဆိုတာကို လူမျိုးရေးခွဲခြားတယ်လို့ ယူဆလို့မရပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ လူမျိုးရေးခွဲခြားမှုက ရုရှားတစ်နိုင်ငံတည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ နိုင်ငံတိုင်းနီးပါး ရင်ဆိုင်နေရတာပါ။ မီဒီယာတွေအနေနဲ့ ရုရှားနိုင်ငံအပေါ် အလွန်အကျူးရေးသားဖော်ပြနေတာတွေ ရပ်သင့်ပါပြီ”ဟု စမာတင်က ဆိုသည်။

စမာတင်၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ရုရှားလိဂ်တွင် ကစားခဲ့သည့် လူမည်းကစားသမားအများစုမှ ကန့်ကွက်ခဲ့ကြပြီး ဇင်းနစ်အသင်းတွင် ကစားနေသည့် ဘရာဇီးတိုက်စစ်မှူး ဟော့ခ်က ရုရှားပြည်တွင်းလိဂ်ပွဲစဉ်တိုင်း လူမျိုးရေးခွဲခြားမှုများရှိနေကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း လူမျိုးရေးခွဲခြားမှုများ ဆက်ရှိနေဖွယ်ရှိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

comments

error: Content is protected !!