ဘောလုံးလောက၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရော်နယ်ဒို ရပ်တည်နိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘောလုံးလောက၏တန်ဖိုးအရှိဆုံးကစားသမား ရော်နယ်ဒို

Forbes မဂ္ဂဇင်း၏ တန်ဖိုးအရှိဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည်  ဘောလုံးလောက၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်

အားကစားလောကမှ တန်ဖိုးအရှိဆုံးကစားသမားများ ရွေးချယ်ရာတွင် ကစားသမားဘ၀အောင်မြင်မှုများနှင့် စပွန်ဆာကြေးများ၊ ပုံရိပ်အသုံးပြုခ၀င်ငွေ ရရှိမှုများအားလုံးကို တွက်ချက်ရွေးချယ်ကြခြင်းဖြစ်သည်။

ရီးရဲလ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့သည့် ရော်နယ်ဒိုသည် ဒေါ်လာ ၁၆ သန်းအထိ ပိုင်ဆိုင်ထားခဲ့သည့်အတွက်  တန်ဖိုးအရှိဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုနည်းတူ ကမ္ဘာ့ထိပ်တန်းဘောလုံးသမားတစ်ဦးဖြစ်သည့် မက်ဆီမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ဒေါ်လာ ၁၂ သန်းဖြင့်   တန်ဖိုးအရှိဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဒေါ်လာ ၁၁သန်းအထိ ကျဆင်းသွားခဲ့၍ အဆင့်ရပ်တည်မှု ကျဆင်းသွားခဲ့သည်။

Forbes မဂ္ဂဇင်း၏ တန်ဖိုးအရှိဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ဂေါ့ဖ်အားကစားသမားများဖြစ်သည့် တိုက်ဂါးဝုဒ်၊ ဖီးလ်မက်ကင်ဆန်၊ ဘတ်စကက်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်တို့က ဦးဆောင်ခဲ့ပြီး ၎င်းတို့၏နောက်တွင် တင်းနစ်ကစားသမားဖက်ဒါရာ၊ အိန္ဒိယ ခရစ်ကတ်ကစားသမား မက်ဟမ်ဒရာဒိုနီ၊ ဂျမေကာ အပြေးသမား ယူစိန်ဘော့၊ ဘတ်စကက်ဘော ကစားသမား ကီဗင်ဒူးရန့်စ်၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ရော်နယ်ဒို၊ ဂေါ့ဖ်ကစားသမား မက်အူလေးနှင့် လက်ဝှေ့ကျော်မေ၀ဲလ်သာတို့ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

comments

error: Content is protected !!