ဝဲတိုင်နီဒါဘီတွင် အာဆင်နယ်နှင့်ပွဲကကဲ့သို့ အမှားကျူးလွန်မည်မဟုတ်ဟု မီထရိုဗစ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နောဝစ်ခ်ျဘက်သို့ ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် မီထရိုဗစ်

ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ် အင်္ဂလန်အရှေ့မြောက်ပိုင်းဒါဘီပွဲဖြစ်သည့် ဆန်းဒါးလန်း-နယူးကာဆယ် ပွဲတွင် အာဆင်နယ်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲကကဲ့သို့ မိုက်မဲသည့်လုပ်ရပ်မျိုး ကျူးလွန်မည်မဟုတ်ကြောင်း နယူးကာဆယ်တိုက်စစ်မှူး မီထရိုဗစ်က ပြောကြားခဲ့သည်။

အဆိုပါဆားဘီးယားတိုက်စစ်မှူးသည် ယခုဘောလုံးရာသီတွင် ကလပ်နှင့်နိုင်ငံပွဲ ၁၁ ပွဲကစားခဲ့ရာတွင် အ၀ါကတ် ၅ ကတ်နှင့် အနီကတ် ၁ ကတ် ပြသခံခဲ့ရသည်။

သို့သော် သြဂုတ်လတွင် ကစားခဲ့သည့် အာဆင်နယ်နှင့်ပွဲ၌ မိုက်မဲသည့်လုပ်ရပ်ကျူးလွန်မှုကြောင့် ၃ ပွဲပယ်ပြစ်ဒဏ်ခံကျခံခဲ့ရခြင်းမှာ သင်ခန်းစာဖြစ်စေခဲ့သည်ဟု မီထရိုဗစ်က ပြောကြားခဲ့သည်။

အသက် ၂၁ နှစ်ရှိမီထရိုဗစ်မှာ ဘယ်လ်ဂျီယံထိပ်သီးကလပ် အန်ဒါလက်ခ်ျမှ နယူးကာဆယ်သို့ ယခုနှစ်တွင် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ကာ ၇ ပွဲကစားပြီးချိန်တွင် ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

မီထရိုဗစ်က ”ဒီဖြစ်ရပ်က နောက်တစ်ပွဲအတွက် ပြင်းထန်တဲ့ခံစားမှုတွေဖြစ်စေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲတုန်းကလို မိုက်မဲတဲ့အမှားမျိုးမလုပ်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!