မန်ချက်စတာဒါဘီပွဲတွင် မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီပါဝင်ရန် မသေချာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆီဗီလာနှင့်ပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တွင်တွေ့ရသည့် ကွန်ပနီနှင့် ဒီဘရူနီ

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ၏ ခြေသလုံးကြွက်သားဒဏ်ရာမှာ အပြည့်အ၀ကောင်းမွန်ခြင်းမရှိသောကြောင့် မန်ယူနှင့်ကစားမည့် မန်ချက်စတာဒါဘီပွဲတွင် ပါဝင်ရန် သေချာမှုမရှိကြောင်း သိရသည်။

နောက်ခံလူကွန်ပနီမှာ ဆီဗီလာနှင့်ကစားခဲ့သည့်ပွဲတွင် နာကျင်အချိန်ပို၌ ကွင်းလယ်လူဒီဘရူန်ီအစား လူစားဝင်ကစားခဲ့ပြီးသော်လည်း ကြံ့ခိုင်မှုအပြည့်အ၀မရရှိသေးကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။

ပယ်လီဂရီနီက ”ကာလရှည်ဒဏ်ရာပြဿနာကနေ ကွန်ပနီပြန်လည်ရုန်းထွက်နိုင်စရှိသေးလို့ မန်ယူနဲ့ပွဲလို အရေးကြီးပွဲမှာ သူ့ကိုတာဝန်ပေးရင် သူ့အတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဒါဘီပွဲကို ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာ သေချာပြင်ဆင်ထားပါတယ်။ ကစားသမားအများစုလည်း ပြန်ကြံ့ခိုင်လာမှာပါ”ဟု ပြောကြားခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ ကွင်းလယ်လူဒီဘရူနီမှာ ဆီဗီလာနှင့်ပွဲတွင် ရရှိခဲ့သောခြေစွမ်းကြောင့် မန်ချက်စတာဒါဘီပွဲယှဉ်ပြိုင်ရန် ယုံကြည်မှုမြင့်မားလျက်ရှိကြောင်း သိရှိရပြီး အဆိုပါကစားသမားမှာ မန်စီးတီးအတွက် ၈ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးရယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားသည်။

comments

error: Content is protected !!