နည်းပြမီဟိုင်းလိုဗစ်၏ နေရာတွင် ဒိုနာဒိုနီနှင့် အစားထိုးရန် အေစီမီလန်စီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပါးမားနည်းပြအဖြစ် ယမန်နှစ်ရာသီကတွေ့ရသည့် ဒိုနာဒိုနီ

အေစီမီလန်အသင်းတာဝန်ရှိသူများသည် ရလဒ်ပိုင်းဆိုးရွားနေသည့် နည်းပြမီဟိုင်းလိုဗစ်၏ နေရာတွင် ၀ါရင့်နည်းပြတစ်ဦးဖြစ်သည့် အီတလီနည်းပြ ဒိုနာဒိုနီအား အစားထိုးရန် စီစဉ်နေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။

တိုရီနိုနှင့်ပွဲစဉ်တွင် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် အသင်းပိုင်ရှင် ဘာလူစကိုနီ၏ သတိပေးခြင်းကို ခံခဲ့ရသည့် နည်းပြမီဟိုင်းလိုဗစ်သည် နည်းပြရာထူး ဆက်လက်တည်မြဲရေးအတွက် လာမည့်ပွဲစဉ် ၂ ပွဲက ဆုံးဖြတ်ဖွယ်ရှိနေကြောင်း ၀န်ခံပြောကြားခဲ့သည်။

အီတလီမီဒီယာများ၏ ဖော်ပြချက်တွင် နည်းပြသစ်အဖြစ် ရေပန်းအစားဆုံးဖြစ်နေသည့် ၀ါရင့်နည်းပြ ဒိုနာဒိုနီသည် အေစီမီလန်အသင်းတွင် ၁၉၈၆ မှ ၁၉၉၆ အထိ တစ်ကြိမ်နှင့် ၁၉၉၇ မှ ၁၉၉၉ အထိ တစ်ကြိမ် ကစားသမားအဖြစ် ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး အသင်းနှင့်အတူ ပွဲပေါင်း ၂၈၆ ပွဲ ကစားပေးခဲ့ဖူးသည့် ကစားသမားဟောင်းတစ်ဦးဖြစ်သည်။

ယင်းအတွက်ကြောင့် ပြီးခဲ့သည့်နှစ်တွင် ကစားသမားဟောင်းများဖြစ်သည့် ဆီးဒေါ့ဖ်၊ အင်ဇာဂီတို့အား ခန့်အပ်တာဝန်ပေးခဲ့ရာတွင် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရသည်များကို အသင်းဥက္ကဋ္ဌဘာလူစကိုနီက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ဖူး၍ ဒိုနာဒိုနီအား ခန့်အပ်တာဝန်ပေးဖွယ်ရှိနေသည်ဆိုသည့် သတင်းများအပေါ် ဝေဖန်မှုများရှိနေသည်။

comments

error: Content is protected !!