လက်ရှိကစားဟန်အား မပြောင်းလဲနိုင်ကြောင်း ကော်စတာ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗီလာနှင့်ပွဲတွင် ကော်စတာအားတွေ့ရစဉ်

ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာက လက်ရှိကစားဟန်အား မပြောင်းလဲနိုင်ကြောင်းနှင့် အသင်းအတွက် အစွမ်းကုန်ကြိုးစားကစားမည်ဟု ပြောကြားခဲ့သည်။

ကော်စတာမှာ ယခုဘောလုံးရာသီတွင် လီဗာပူးကစားသမား အမ်မရီကန်နှင့် အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီတို့နှင့် အချင်းများမှုများ ဖြစ်ပွားခဲ့သောကြောင့် ၃ ပွဲပယ်ပြစ်ဒဏ် ၂ ကြိမ်ခံခဲ့ရသည်။

အဆိုပါ စပိန်တိုက်စစ်မှူးက ကစားပုံနှင့်ပတ်သက်၍ ”ဒီလိုပုံစံနဲ့ကစားခဲ့လို့ အခုလိုအခြေအနေအထိ ကျွန်တော်ရောက်လာတာပါ။ လူတွေရဲ့အမြင်ကို ဂရုစိုက်ပြီး ကစားဟန်ကို မပြောင်းလဲနိုင်ဘူး။ ဘောလုံးကစားနည်းဆိုတာ ခံစားချက်ပြင်းပြင်းနဲ့ ကစားရတယ်လို့ ကျွန်တော်ထင်တယ်။ ပြိုင်ဘက်တိုင်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ရမယ်။ ပရိသတ်တွေကလည်း ဒါမျိုးတွေ ကြုံခဲ့ဖူးကြတာပဲ။ တချို့လူတွေက ဘောလုံးကစားနည်းကို ပြဇာတ်လို မြင်ကြတယ်။ ကစားသမားတွေအားလုံး စည်းကမ်းလိုက်နာမယ်ဆိုပြီးပေါ့။ ဒါပေမဲ့ အသင်းနဲ့ယှဉ်လာရင် တချို့နေရာတွေမှာ စိတ်ဓာတ်ပြင်းပြင်းထားတတ်ရမယ်လေ။ အဲဒီအချိန်မှာ ပြင်ပဘ၀ပုံစံနဲ့ တူချင်မှတူလိမ့်မယ်။ အသင်းအတွက်ဆိုရင် ကျွန်တော်အကောင်းဆုံးအားထုတ်မယ်။ ပွဲပြီးရင်တော့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို သာမန်လူတစ်ယောက်လို ဆက်ဆံပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာတော့ ကျွန်တော်က ဖြူစင်တဲ့ နတ်သားမဟုတ်ဘူး။ အဲဒီလိုကစားမယ်လို့လည်း မထင်လိုက်ပါနဲ့” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!