နာဇီစစ်သားအရုပ် ထုတ်လုပ်သည့်ကုမ္ပဏီအား တရားစွဲဆိုရန် ရှဝိန်းစတိုင်ဂါစီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘက်စတီယန်အရုပ်နှင့် ရှဝိန်းစတိုင်ဂါ

မန်ယူကွင်းလယ်ကစားသမား ဂျာမန်လူမျိုးရှဝိန်းစတိုင်ဂါသည် ၎င်းနှင့်အသွင်အပြင်၊နာမည်ဆင်တူသည့်  နာဇီစစ်သားအရုပ်အား ထုတ်လုပ်ရောင်းချခဲ့သည့် The DID တရုတ်အရုပ်ကုမ္ပဏီအား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ တရုတ်အရုပ်ကုမ္ပဏီမှာ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံရောက် ဂျာမနီနာဇီစစ်သားအရုပ်အဖြစ် မန်ယူကွင်းလယ်ကစားသမား ဘတ်စတိန်းရှဝိန်းစတိုင်ဂါနှင့် ဆင်တူသော အရုပ်ကို ထုတ်လုပ်ခဲ့သည့်အပြင် အရုပ်အမည်အား ဘတ်စတီယန်ဟု အမည်ပေးခဲ့သည်။

ယင်းအတွက်ကြောင့် ရှဝိန်းစတိုင်ဂါသည် ၎င်း၏အမည်နှင့်ပါ တူညီနေသည့် အရုပ်ကို မီဒီယာများတွင် နာဇီစစ်သား ရှဝိန်းစတိုင်ဂါဟု ဖော်ပြခံရ၍ တရုတ်အရုပ်ကုမ္ပဏီအားတရားစွဲဆိုရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ The DID တရုတ်အရုပ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပက်ထရစ်ချန်က ဘောလုံးသမားများနှင့် ဆင်တူသည့်အရုပ်များကို ထုတ်လုပ်ရောင်းချခြင်းမရှိကြောင်း၊ နာဇီစစ်သားအရုပ်မှာလည်း ရှဝိန်းစတိုင်ဂါ၏ ပုံတူမဟုတ်ကြောင်း၊ ဂျာမနီနိုင်ငံသားအများစုမှ ရုပ်ရည်ဆင်ကြသည့်အတွက် ရှဝိန်းစတိုင်ဂါနှင့်ဆင်တူခဲ့ခြင်းဖြစ်ကြောင်း၊ ဘက်စတီယန်ဟု အမည်ပေးခဲ့ခြင်းမှာလည်း ဂျာမနီနိုင်ငံသားအများစု၏ အမည်ဖြစ်နေသည့်အတွက်ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

The DID တရုတ်အရုပ်ကုမ္ပဏီသည် ဘက်စတီယန်အမည်ရ နာဇီစစ်သားအရုပ်အပြင် ဆိုဗီယက်ခေါင်းဆောင် စတာလင်၊ ဗြိတိန်ခေါင်းဆောင် ၀င်စတန်ချာချီ ပုံတူအရုပ်များကိုပါ ထုတ်လုပ်ရောင်းချခဲ့ဖူးသည်။

comments

error: Content is protected !!