ဘိုင်ယန်မြူးနစ်နှင့် ပြန်လည်ပွဲထွက်ရန် ရီဘာရီ ကြံ့ခိုင်မှုမပြည့်ဝသေး
|
ယခုဘောလုံးရာသီအစက ရီဘာရီအားတွေ့ရစဉ်
ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဖရန့်ရီဘာရီမှာ ခြေကျင်းဝတ်ဒဏ်ရာ ပြန်လည်နာကျင်လာသောကြောင့် ထပ်မံအနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။
အသက် ၃၂ နှစ်ရှိ ပြင်သစ်လက်ရွေးစင် အဆိုပါကစားသမားမှာ မတ်လက ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့သည့် ၂ ပတ်ခန့်က ပုံမှန်လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့သော်လည်း ယမန်နေ့ကပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်စတင်ပြီး ၁၇ မိနစ်တွင် ဒဏ်ရာရရှိခဲ့သော ခြေကျင်းဝတ်မှာ ပြန်လည်နာကျင်ခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့၏ ကုသမှုခံယူခဲ့ရသည်။
ရီဘာရီ၏ အခြေအနေနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း သတင်းများ၏ဖော်ပြချက်အရ အချိန်အတန်ကြာ အနားယူရဦးမည်ဖြစ်ကြောင်း သိရသည်။
Prev : ယူရိုပါလိဂ်တွင် ပွဲထွက်လူစာရင်း အနည်းငယ်သာ ပြောင်းလဲမည်ဟု ကလော့ပ်ဖွင့်ဟ
Next : ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် ဂရစ်ဇ်မန်းနှင့် ဂိုဒင်တို့ မပါဝင်ခဲ့ခြင်းမှာ မမျှတဟု ဆီမြွန်နီ ဝေဖန်
Next : ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် ဂရစ်ဇ်မန်းနှင့် ဂိုဒင်တို့ မပါဝင်ခဲ့ခြင်းမှာ မမျှတဟု ဆီမြွန်နီ ဝေဖန်