တံကောက်ကြောဒဏ်ရာကြောင့် ရမ်ဆေး ၄ ပတ်ခန့်အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ရမ်ဆေး

အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး ၄ ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

ရမ်ဆေးမှာ ယခုဒဏ်ရာကြောင့် အဲဗာတန်နှင့်ပွဲအပါအ၀င် လာမည့်နိုင်ငံတကာပွဲစဉ်များကိုပါ လွဲချော်နိုင်ကြောင်း သိရသည်။

အဆိုပါ ဝေးလ်ကွင်းလယ်လူနှင့်ပတ်သက်၍ အာစင်ဝင်းဂါးက ”ဒီနေ့စစ်ဆေးမှုလုပ်ခဲ့တယ်။ သူကစားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အထင်တော့ လာမယ့်နိုင်ငံတကာရက်သတ္တပတ်ပြီးတဲ့အထိ သူနားရမယ်။ ပြီးခဲ့တဲ့ နိုင်ငံပွဲဖြစ်တဲ့ အန်ဒိုရာနဲ့ပွဲမှာ သူနဲ့ ဂါရတ်ဘေးလ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်ရှိ ရမ်ဆေးမှာ တံကောက်ကြောဒဏ်ရာ ၃ ကြိမ်ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့်ဘောလုံးရာသီတွင် အာဆင်နယ်အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားပေးနိုင်ခဲ့သည်။

comments

error: Content is protected !!