ကျေနပ်စေသည့်ရလဒ် မရယူပေးနိုင်သည့် နည်းပြမီဟိုင်းလိုဗစ်ကို အေစီမီလန်ဥက္ကဋ္ဌ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တိုရီနိုနှင့်ပွဲစဉ်က မီဟိုင်းလိုဗစ်ကိုတွေ့ရစဉ်

အေစီမီလန်ဥက္ကဋ္ဌ ဘာလူစကိုနီက နည်းပြမီဟိုင်းလိုဗစ်အနေဖြင့် ကတိပေးထားခဲ့သည့်အတိုင်း ရလဒ်ကောင်းများ ရယူပေးနိုင်ခြင်းမရှိသေးကြောင်း၊ နည်းပြရာထူးကို ဆက်လက်တည်မြဲရန် ရလဒ်ကောင်းများရယူပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။

မီဟိုင်းလိုဗစ်သည် စီးရီးအေပွဲစဉ် ၈ အပြီးတွင် ရမှတ် ၁၀မှတ်သာ ရယူပေးထားနိုင်ခဲ့ခြင်းကြောင့် အဆိုးရွားဆုံးရာသီအစနှင့် ရင်ဆိုင်နေရသည့် အေစီမီလန်အသင်းသည် အဆင့် ၁၃ နေရာတွင် ရပ်တည်နေရသည်အထိ ရလဒ်များဆိုးရွားလျက်ရှိနေခဲ့သည်။

ယင်းအတွက်ကြောင့် နည်းပြမီဟိုင်းလိုဗစ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ရာထူးမှ အချိန်မရွေးထုတ်ပယ်ခံရနိုင်ကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။

“အသင်းအခြေအနေနဲ့ပတ်သက်ပြီး ပြောစရာမရှိသေးပါဘူး။ ဒါပေမဲ့ နည်းပြမီဟိုင်းလိုဗစ်ကတော့ ကတိပေးထားတဲ့အတိုင်း စွမ်းဆောင်မပြနိုင်သေးတာ အမှန်ပါပဲ။ အနိုင်ရလဒ်ရယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရလဒ်ဆိုးတွေပဲ ပြန်ရနေသလို ဖြစ်နေပါတယ်။ နည်းပြရဲ့ အနာဂတ်အခြေအနေကတော့ အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်”
ဟု ဘာလူစကိုနီက ဆိုသည်။

တိုရီနိုနှင့်သရေကျခဲ့သည့် ပွဲစဉ်အပြီးတွင် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မီဟိုင်းလိုဗစ်မှာ အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူခွင့်ရရှိနေသည့်အပေါ် ပရိသတ်များက ဝေဖန်လျက်ရှိပြီး အတည်မပြုနိုင်သည့် သတင်းများအရ နည်းပြသစ်အဖြစ် အီတလီဝါရင့်နည်းပြ ပရင်ဒယ်လီကို ခန့်အပ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!