ယုံကြည်မှုလျော့နည်းနေသော်လည်း ခြေစွမ်းပြနိုင်ရန်ကြိုးပမ်းမည်ဟု ချဲလ်ဆီးကွင်းလယ်လူမာတစ် ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကွန်မြူနတီဒိုင်းပွဲစဉ်က မာတစ်ကို တွေ့ရစဉ်

ချဲလ်ဆီးကွင်းလယ်လူ မာတစ်က ယခုဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသောကြောင့် မိမိနှင့် ဟာဇက်တို့မှာ ယုံကြည်မှုလျော့နည်းနေသော်လည်း ခြေစွမ်းပြနိုင်ရန်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

မာတစ်နှင့် ဟာဇက်တို့သည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့်ပွဲတွင် ပါဝင်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ် ၀က်စ်ဟမ်းနှင့် ယှဉ်ပြိုင်မည့်ပွဲ၌ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်ရနိုင်ကြောင်း သိရသည်။

အဆိုပါ ဆားဘီယားကွင်းလယ်လူက”အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်နဲ့လက်တွဲရတာ ပျော်ရွှင်မယ်ဆိုရင် အသင်းအတွက် အမြဲတမ်းကြိုးပမ်းပေးသွားမယ်။ ကျွန်တော့်ဘ၀မှာ ဘယ်နည်းပြနဲ့မှ ပြဿနာမဖြစ်ခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ပီသလွန်းခဲ့လို့ နည်းပြတိုင်းရဲ့ လေးစားမှုရခဲ့တယ်။ မော်ရင်ညိုနဲ့လည်း ဒီအတိုင်းပါပဲ။ ကျွန်တော်ကလည်း နည်းပြချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နေတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ပရီးမီးယားလိဂ်မှာ အသင်းရလဒ်မကောင်းတော့ လူတိုင်းအတွက် ခက်ခဲတဲ့ကာလ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းအောင် စွမ်းဆောင်ရမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!